Telenor WoWBox အသံုးျပဳသူ ၃.၅ သန္းေက်ာ္ရွိဟုဆို

[ Zawgyi ]

WoWBox အသံုးျပဳသူ ၃.၅ သန္းရွိတယ္လို႔ Telenor ကထုတ္ျပန္ပါတယ္။

WowBox ကို ေစ်းကြက္တြင္း စတင္မိတ္ဆက္ၿပီး ၁၃ လအၾကာမွာ ေန႔စဥ္အသံုးျပဳသူ ဦးေရ ၆၀၀,၀၀၀ နဲ႔ လစဥ္ အသံုးျပဳသူ ၁ ဒသမ ၃ သန္းအထိ ရွိလာခဲ့ၿပီး ဆိုရွယ္ အပလီေကးရွင္းေတြျဖစ္တဲ့ Facebook၊ Google၊ YouTube ႏွင့္ Viber တို႔ေနာက္မွာ ရပ္တည္ေနခဲ့တယ္လို႔ ဆိုပါတယ္။ WowBox အပလီေကးရွင္းကို မႏွစ္က မတ္လထဲမွာ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ Google Play Store မွာ ေဒါင္းလုပ္ရယူႏိုင္ပါတယ္။ “

ကၽြန္ေတာ္တို႔ရဲ႕ ကြန္ရက္ကေနတစ္ဆင့္ အသံုးျပဳသူေတြအတြက္ ေပ်ာ္ရြင္ငယ္ရြယ္ တက္ႂကြတဲ့လူေနမႈဘဝကို ဖန္တီး ေပးအပ္ႏိုင္ဖို႔ ရည္ရြယ္ၿပီး WowBox အပလီေကးရွင္းကို တီထြင္ဖန္တီးခဲ့တာ ျဖစ္ပါတယ္၊ Telenor အေနနဲ႔ WowBox လိုမ်ိဳး ဝန္ေဆာင္မႈေတြကို ဆက္လက္ တီထြင္သြားမွာ ျဖစ္ပါတယ္” လို႔ WowBox အပလီေကးရွင္းမွ တာဝန္ရွိသူ Telenor Myanmar ရဲ႕ အႀကီးတန္းမန္ေနဂ်ာ ကိုေအာင္ျပည့္က ေျပာပါတယ္။

-ထြန္းထြန္း

[ Unicode ]

WoWBox အသုံးပြုသူ ၃.၅ သန်းရှိတယ်လို့ Telenor ကထုတ်ပြန်ပါတယ်။

WowBox ကို စျေးကွက်တွင်း စတင်မိတ်ဆက်ပြီး ၁၃ လအကြာမှာ နေ့စဉ်အသုံးပြုသူ ဦးရေ ၆၀၀,၀၀၀ နဲ့ လစဉ် အသုံးပြုသူ ၁ ဒသမ ၃ သန်းအထိ ရှိလာခဲ့ပြီး ဆိုရှယ် အပလီကေးရှင်းတွေဖြစ်တဲ့ Facebook၊ Google၊ YouTube နှင့် Viber တို့နောက်မှာ ရပ်တည်နေခဲ့တယ်လို့ ဆိုပါတယ်။ WowBox အပလီကေးရှင်းကို မနှစ်က မတ်လထဲမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Google Play Store မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ “

ကျွန်တော်တို့ရဲ့ ကွန်ရက်ကနေတစ်ဆင့် အသုံးပြုသူတွေအတွက် ပျော်ရွင်ငယ်ရွယ် တက်ကြွတဲ့လူနေမှုဘဝကို ဖန်တီး ပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး WowBox အပလီကေးရှင်းကို တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်၊ Telenor အနေနဲ့ WowBox လိုမျိုး ဝန်ဆောင်မှုတွေကို ဆက်လက် တီထွင်သွားမှာ ဖြစ်ပါတယ်” လို့ WowBox အပလီကေးရှင်းမှ တာဝန်ရှိသူ Telenor Myanmar ရဲ့ အကြီးတန်းမန်နေဂျာ ကိုအောင်ပြည့်က ပြောပါတယ်။

-ထွန်းထွန်း