Telenor MBA ပညာသင္ဆု ဇူလိုင္လလယ္အထိ ေလွ်ာက္ထားႏိုင္

Telenor MBA ပညာသင္ဆု ေလွ်ာက္ထားလိုသူေတြအေနနဲ႔ ဇူလိုင္လ ၁၅ ရက္အထိေလွ်ာက္ထားႏုိင္ဖို႔ ရက္တိုးျမႇင့္လိုက္ေၾကာင္း သိရပါတယ္။

ပညာသင္ဆုေလွ်ာက္ထား သူမ်ားျပားတဲ့အတြက္ေၾကာင့္ ယခင္သတ္မွတ္ထားတဲ့ ေဖာင္ပိတ္ရက္တို တစ္ပတ္ခန္႔တိုးျမႇင့္လိုက္ျခင္း ျဖစ္တယ္လို႔သိရပါတယ္။ အဲဒီပညာသင္ဆုကို Myanmar Metropolitan Collage (MMC) နဲ႔ပူးေပါင္းကာ စီးပြားေရးစီမံ ခန္႔ခြဲမႈမဟာဘြဲ႕(အမ္ဘီေအ) အျဖစ္ေပးမွာျဖစ္ေၾကာင္း၊ ပညာသင္ဆုရရွိ သူအေနနဲ႔ စီးပြားေရးစီမံခန္႔ ခြဲမႈမဟာဘြဲ႕(အမ္ဘီေအ) သင္တန္းအတြက္ အျပည့္အဝ ေထာက္ပံ့မႈရရွိမယ့္အျပင္ Myanmar Metropolitan Collage (MMC) နဲ႔ခ်ိတ္ဆက္ထားတဲ့ ဆြစ္ဇာလန္ႏိုင္ငံက University of Business and International Studies ကအသိအမွတ္ျပဳ အမ္ဘီေအ (MBA) ဘြဲ႕ လက္မွတ္ကို ရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။

“ပညာသင္ဆုကို ေလွ်ာက္ထားဖို႔ စိတ္ဝင္စားတဲ့ သူေတြမ်ားတဲ့အတြက္ ကၽြန္ေတာ္တုိ႔ ကနဦး တ္မွတ္ထားတဲ့ ေလွ်ာက္လႊာပိတ္ရက္ထက္ တစ္ပတ္ေနာက္ဆုတ္ ေပးလုိက္တာျဖစ္ပါတယ္၊ ဒီပညာသင္ဆုဟာ ျမန္မာႏိုင္ငံရဲ႕ ဒီဂ်စ္တယ္အနာဂတ္နဲ႔ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႔ၿဖိဳးဖို႔အတြက္ အေထာက္အကူေကာင္းျဖစ္ေစႏိုင္မွာပါ” လို႔ Telenor Myanmar ရဲ႕ ေရရွည္တည္တံ့ေသာ လုပ္ငန္းေဆာင္ရြက္မႈဆိုင္ရာ က႑တာဝန္ခံ ဦးမင္းသူက ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

Telenor MBA ပညာသင်ဆု လျှောက်ထားလိုသူတွေအနေနဲ့ ဇူလိုင်လ ၁၅ ရက်အထိလျှောက်ထားနိုင်ဖို့ ရက်တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

ပညာသင်ဆုလျှောက်ထား သူများပြားတဲ့အတွက်ကြောင့် ယခင်သတ်မှတ်ထားတဲ့ ဖောင်ပိတ်ရက်တို တစ်ပတ်ခန့်တိုးမြှင့်လိုက်ခြင်း ဖြစ်တယ်လို့သိရပါတယ်။ အဲဒီပညာသင်ဆုကို Myanmar Metropolitan Collage (MMC) နဲ့ပူးပေါင်းကာ စီးပွားရေးစီမံ ခန့်ခွဲမှုမဟာဘွဲ့(အမ်ဘီအေ) အဖြစ်ပေးမှာဖြစ်ကြောင်း၊ ပညာသင်ဆုရရှိ သူအနေနဲ့ စီးပွားရေးစီမံခန့် ခွဲမှုမဟာဘွဲ့(အမ်ဘီအေ) သင်တန်းအတွက် အပြည့်အဝ ထောက်ပံ့မှုရရှိမယ့်အပြင် Myanmar Metropolitan Collage (MMC) နဲ့ချိတ်ဆက်ထားတဲ့ ဆွစ်ဇာလန်နိုင်ငံက University of Business and International Studies ကအသိအမှတ်ပြု အမ်ဘီအေ (MBA) ဘွဲ့ လက်မှတ်ကို ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

“ပညာသင်ဆုကို လျှောက်ထားဖို့ စိတ်ဝင်စားတဲ့ သူတွေများတဲ့အတွက် ကျွန်တော်တို့ ကနဦး တ်မှတ်ထားတဲ့ လျှောက်လွှာပိတ်ရက်ထက် တစ်ပတ်နောက်ဆုတ် ပေးလိုက်တာဖြစ်ပါတယ်၊ ဒီပညာသင်ဆုဟာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အနာဂတ်နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့အတွက် အထောက်အကူကောင်းဖြစ်စေနိုင်မှာပါ” လို့ Telenor Myanmar ရဲ့ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြားခဲ့ကြောင်း သိရပါတယ်။

-အောင်သက်ကို