Telenor ၏ My Tune Live အစီအစဉ်ပြုလုပ်မည်

Telenor က ဖေဖော်ဝါရီလ ၁၄ ရက်မှာ My Tune Live အစီအစဉ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖျော်ဖြေမှုကို အဆိုတော် စည်သူလွင်၊ အိမ့်ချစ်တို့နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ယခင်အကြိမ်တွေက Telenor ရဲ့ Facebook စာမျက်နှာမှသာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပေမယ့် အခုအကြိမ်မှာတော့ Myanmar Culture Valley မှာ ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲအထိ ပြုလုပ်မယ်လို့သိရပါတယ်။

အွန်လိုင်းစာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ပုံမှန်ထုတ်လွှင့်နေကျ အချိန် ၆ နာရီမှာ စတင်မယ်လို့သိရပါတယ်။ Telenor ရဲ့ လစဉ် My Tune Live အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုတော် R ဇာနည်၊ ဖိုးကာ၊ ပိုပို၊ ရွှေထူး၊ ဖြုဖြုကျော်သိန်း၊ နီနီခင်ဇော်နဲ့ တယ်လီနော ကာရာအိုကေချန်ပီယံ အောင်ထက်ခိုင်တို့ ပါဝင်ခဲ့တယ်လို့သိရပါတယ်။