Telenor ၏ 4G ကွန်ရက် Roaming နိုင်ငံတကာသို့တိုးချဲ့

Telenor ရဲ့ 4G ကွန်ရက် Roaming ကို နိုင်ငံတကာကိုတိုးချဲ့တယ်လို့သိရပါတယ်။

အဲဒီဝန်ဆောင်မှုကို ထိုင်း၊ မလေးရှား၊ မက္ကာအိုနဲ့ စင်ကာပူနိုင်ငံတွေမှာရရှိနေပြီး အခြားနိုင်ငံတွေမှာပါရရှိဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ Telenor Myanmar ကသတင်း ထုတ်ပြန်ပါတယ်။

ဆင်းမ်ကတ်အသုံးပြုမှု များပြားလာတာနဲ့အမျှ Roaming မိတ်ဖက်အော်ပရေတာ တွေနဲ့အတူ ကွန်ရက်တိုးချဲ့ရကြောင်း၊ ခရီးသွားလာနေစဉ်အတွင်းမှာ နိုင်ငံအတွင်း ကနေ အခြားနိုင်ငံတွေမှာရှိတဲ့ မိသားစု၊ မိတ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ဆောင်ရွက်တာလို့ ဆိုပါတယ်။

လက်ရှိမှာ Telenor သုံးစွဲတဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံရှိပြီး မိတ်ဖက်ပေါင်း ၁၄၀ ရှိတယ်လို့ သိရပါတယ်။ အဲဒီနိုင်ငံတွေမှာ ရောက်တဲ့အခါ ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်တယ်။ ပြည်ပနိုင်ငံပေါင်း ၁၁၈ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၁၈၂ ခုကို သုံးစွဲသူတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ Telenor ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်တယ်လို သိရပါတယ်။

စင်ကာပူနိုင်ငံကိုသွားရောက်လည်ပတ်လို့ အင်တာနက်အသုံးပြုခဲ့မယ်ဆိုရင် 1MB ကို ၁၅ ကျပ်သာကျ သင့်မယ့်အစီအစဉ်တစ်ခုလည်း စက်တင်ဘာလ ၂၉ ရက်ကနေစပြီး အသုံးပြုနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို အသုံးပြုတဲ့အတွက် အပိုနှုန်းထားပေးချေစရာ မလိုဘူးလို့ ဆိုပါတယ်။

-ထွန်းထွန်း