Telenor ၏ 4G ကွန်ရက်နေရာသစ် ၅၀ ကိုတိုးချဲ့မည်

Telenor Myanmar ရဲ့ 4G/LTE ကွန်ရက်ကို အခုနှစ်ကုန် မတိုင်မီကာလအတွင်း အဓိကနေရာ ဒေသပေါင်း ၅၀ ကို တိုးချဲ့သွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မြို့ ၃၂ မြို့နဲ့ ကမ်းခြေသုံးခုမှာရရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။ 4G/LTE ကွန်ရက်နဲ့ နောက်ဆုံး ချိတ်ဆက်ထားတဲ့ မြို့တွေက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ စစ်ကိုင်းနဲ့ ရွှေဘိုမြို့တို့ ဖြစ်ပြီး ဒီဇင်ဘာလအစောပိုင်းက ဝန်ဆောင်မှုတွေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ “စစ်ကိုင်းနဲ့ ရွှေဘိုဆိုတာ ပြည်တွင်း ပြည်ပက ခရီးသွားတွေအတွက် နာမည်ကျော်ကြားတဲ့ နေရာတွေဖြစ်ပြီး အခုလိုပွင့်လင်း ရာသီအစမှာ 4G ဝန်ဆောင်မှုတွေကို စတင်ပေးအပ်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ လာမယ့်နှစ်မှာလည်း ဒီထက်များပြားတဲ့ မြို့ကြီးတွေမှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို တိုးချဲ့သွားမှာလည်း ဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong ကပြောပါတယ်။

4G ဝန်ဆောင်မှုတွေ နေပြည်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး အားလုံးနီးပါးရှိ အဓိကမြို့ကြီးများ အပါအဝင် နေရာဒေသပေါင်း ၅၀ မှာ အခုနှစ်မကုန်ခင် မိတ်ဆက်မှာဖြစ်ပါတယ်။

-ထွန်းထွန်း