Telenor ၏ 3G ကွန်ရက် ဒေါင်းလုပ်မြန်နှုန်း 5.5 Mbps ရှိဟုဆို

Telenor ရဲ့ မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုပေးနေတဲ့ 3G ကွန်ရက် ဒေါင်းလုပ်မြန်နှုန်း ၅.၅ Mbps ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ 3G ကွန်ရက်တွေအနေနဲ့ ဒေါင်းလုပ်မြန်နှုန်းဟာ ပျှမ်းမျှခြင်းအားဖြင့် ၄.၇၉ Mbps အထိရှိပြီး အာရှနဲ့ အရှေ့တောင် အာရှိနိုင်ငံတွေရဲ့ ဒေါင်းလုပ် အမြန်နှုန်းမှာ ပျမ်းမျှ ၃.၅ Mbps သာရှိတယ်လို့ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ သုံးစွဲသူ ၆၅ ရာခိုင်နှုန်းဟာ နိစ္စဓူဝ အင်တာနက် အသုံးပြုမှုတွေအတွက် ကောင်းမွန်တဲ့ 3G ကွန်ရက်ကို အားထားနေကြရဆဲပဲ ဆိုတာကို နားလည်ထားပါတယ်၊ ဒါကြောင့်လည်း 3G ဝန်ဆောင်မှု အတွေ့အကြုံတွေ ပေးအပ်နိုင်အောင် ရင်းနှီးမြှုပ်နှံမှု အများအပြားဆောင်ရွက် ထားခဲ့တာလည်း ဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့ နည်းပညာဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Jai Prakash ကပြောပါတယ်။

Telenor အင်တာနက် အသုံးပြုသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ 3G ကွန်ရက်ကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ 4G ကွန်ရက်တွေကို တိုးချဲ့နေပြီး နိုင်ငံတစ်ဝန်း အဓိက မြို့ကြီး ၃၀ မှာ ရရှိနေပြီ လို့ဆိုပါတယ်။

-ထွန်းထွန်း