Telenor ၏ လူငယ္ဖိုရမ္ ဇူလိုင္ ၃၁ တြင္ ေနာက္ဆံုးေလွ်ာက္ထားႏိုင္

[ Zawgyi ]

ေနာ္ေဝးႏိုင္ငံ ေအာ္စလိုနဲ႔ ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ က်င္းပမယ့္ Telenor လူငယ္ဖိုရမ္ကို ဇူလိုင္ ၃၁ ရက္ေနာက္ဆံုးထား ေလွ်ာက္ထားႏိုင္ေၾကာင္း သိရပါတယ္။

ေျခာက္ႀကိမ္ေျမာက္က်င္းပမယ့္ အဲဒီအစီအစဥ္ကို လာမယ့္ ဒီဇင္ဘာ ၈ ရက္မွ ၁၁ ရက္အထိျပဳလုပ္မွာ ျဖစ္ပါတယ္။ အသက္ ၂၀ မွ ၂၈ ႏွစ္အတြင္း အဂၤလိပ္ဘာသာစကား ကြ်မ္းက်င္သူ တကၠသိုလ္တက္ ေရာက္ဆဲ၊ တက္ၿပီးသူ ေတြေလွ်ာက္ထားႏိုင္ေၾကာင္း၊ ဖိုရမ္နဲ႔ပတ္သက္ၿပီး တစ္ႏွစ္ၾကာ အခ်ိန္ေပးဖို႔လို အပ္ေၾကာင္းသိရပါတယ္။ ေအာ္စလိုၿမိဳ႕မွာ ၂၀၁၉ ခုႏွစ္ဒီဇင္ဘာနဲ႔ ၂၀၁၉ ခုႏွစ္ ေမလမွာ ဘန္ေကာက္ ၿမိဳ႕တို႔မွာ အခမ္းအနားအသီးသီး ျပဳလုပ္မွာျဖစ္ပါတယ္။

ဒီေနရာမွာ ေလ့လာေလွ်ာက္ႏိုင္ေၾကာင္း သိရပါတယ္။ ဖိုရမ္တစ္ခုၿပီးဆံုးတိုင္ ဖိုရမ္တြင္ၿပိဳင္ပြဲမွာ အႏိုင္ရရွိတဲ့အဖြဲ႔ကို ေရြးခ်ယ္မွာျဖစ္ေၾကာင္း၊ ေရြးခ်ယ္ၿပီး စိတ္ကူးေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ေဒၚလာ ၁၅၀၀၀ ကို ရင္းႏွီးမတည္ေငြအျဖစ္ Telenor ကေပးမွာျဖစ္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

နော်ဝေးနိုင်ငံ အော်စလိုနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပမယ့် Telenor လူငယ်ဖိုရမ်ကို ဇူလိုင် ၃၁ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

ခြောက်ကြိမ်မြောက်ကျင်းပမယ့် အဲဒီအစီအစဉ်ကို လာမယ့် ဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်အထိပြုလုပ်မှာ ဖြစ်ပါတယ်။ အသက် ၂၀ မှ ၂၈ နှစ်အတွင်း အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူ တက္ကသိုလ်တက် ရောက်ဆဲ၊ တက်ပြီးသူ တွေလျှောက်ထားနိုင်ကြောင်း၊ ဖိုရမ်နဲ့ပတ်သက်ပြီး တစ်နှစ်ကြာ အချိန်ပေးဖို့လို အပ်ကြောင်းသိရပါတယ်။ အော်စလိုမြို့မှာ ၂၀၁၉ ခုနှစ်ဒီဇင်ဘာနဲ့ ၂၀၁၉ ခုနှစ် မေလမှာ ဘန်ကောက် မြို့တို့မှာ အခမ်းအနားအသီးသီး ပြုလုပ်မှာဖြစ်ပါတယ်။

ဒီနေရာမှာ လေ့လာလျှောက်နိုင်ကြောင်း သိရပါတယ်။ ဖိုရမ်တစ်ခုပြီးဆုံးတိုင် ဖိုရမ်တွင်ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အဖွဲ့ကို ရွေးချယ်မှာဖြစ်ကြောင်း၊ ရွေးချယ်ပြီး စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဒေါ်လာ ၁၅၀၀၀ ကို ရင်းနှီးမတည်ငွေအဖြစ် Telenor ကပေးမှာဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း