Telenor လူငယ္ဖိုရမ္အတြက္ ျမန္မာကိုယ္စားျပဳတက္ေရာက္ရန္ေလွ်ာက္လႊာေခၚယူ

[Zawgyi]

ေနာ္ေ၀ႏိုင္ငံ၊ ေအာ္စလိုၿမိဳ႕မွာက်င္းပမယ့္ Telenor လူူငယ္ဖိုရမ္မွာ ျမန္မာကိုယ္စား ျပဳတက္ေရာက္ဖို႔အတြက္ ေလွ်ာက္လႊာတင္ႏိုင္ ေၾကာင္းသိရ ပါတယ္။

အဲ့ဒီဖိုရမ္ကို ဒီဇင္ဘာ ၈ ရက္ကေန ၁၁ ရက္အထိျပဳလုပ္မွာျဖစ္ၿပီး Telenor လုပ္ ငန္းစုနဲ႔ ႏိုဘယ္ၿငိမ္းခ်မ္းေရးစင္တာ (NPC) တို႔ပူးေပါင္းစီစဥ္တဲ့ ကမၻာလံုးဆိုင္ရာ ေဆြးေႏြးပြဲ တစ္ခုျဖစ္ ေၾကာင္းသိရပါတယ္။ “တယ္လီေနာ္လူငယ္ဖိုရမ္က လူ႔အဖြဲ႔အစည္းအတြင္းမွာ လူမႈေရး၊ စီးပြားေရးနဲ႔ ပတ္၀န္းက်င္ဆိုင္ရာေျပာင္းလဲမႈေတြကို ဦးေဆာင္ဖို႔စိတ္ အားထက္သန္တဲ့ ထူးခၽြန္လူငယ္ေတြေမြး ထုတ္ေပးတဲ့အစီအစဥ္ပါ၊ ျမန္မာလူငယ္ေတြ အေနနဲ႔ တစ္ကမၻာလံုးဆိုင္ရာတိုးတက္ေျပာင္းလဲမႈေတြမွာ တစ္ေထာင့္ တစ္ေနရာက ပါ၀င္ႏိုင္ဖို႔ ဒီဖိုရမ္ကိုတက္ေရာက္ေလွ်ာက္ထားဖို႔ တိုက္တြန္းလိုပါတယ္” လို႔ Telenor Myanmar ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Lars Erik Tellmann ကေျပာၾကားခဲ့ပါတယ္။

အဲ့ဒီဖိုရမ္မွာတက္ေရာက္ခြင့္ရသူေတြအေနနဲ႔ ဖိုရမ္နဲ႔ပတ္သက္ၿပီး အခ်ိန္တစ္ႏွစ္ၾကာေပးဖို႔လို ကာ ၂၀၁၈ ဒီဇင္ဘာလမွေအာ္စလိုၿမိဳ႕နဲ႔ ၂၀၁၉ ေမလမွာ ဘန္ေကာက္ၿမိဳ႕တို႔မွာက်င္းပျပဳလုပ္မယ့္ ေဆြးေႏြးလုပ္ေဆာင္မႈေတြမွာပါ၀င္ႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။

Telenor လုပ္ငန္းလည္ပတ္ရာ ႏိုင္ငံအသီးသီးက ေရြးခ်ယ္ခံရတဲ့ လူငယ္ေတြအေနနဲ႔ ဖိုရမ္ တစ္ေလွ်ာက္လံုးမွာ သူတို႔အတြက္သတ္ မွတ္ထားတဲ့ အဖြဲ႔ငယ္ေတြပါ၀င္ကာ အျခားေရြးခ်ယ္ခံထားရသူေတြနဲ႔အတူ တစ္ပတ္ကိုႏွစ္နာရီ ခန္႔ အြန္လိုင္းကေနတစ္ဆင့္ စုေပါင္းလုပ္ေဆာင္ရမွာျဖစ္ပါတယ္။ အဖြဲ႕တစ္ဖြဲ႕ခ်င္းစီအတြက္ ဒီဇင္ဘာလ အတြင္းေအာ္စလိုၿမိဳ႕မွာ အဖြဲ႕လိုက္ေခါင္းစဥ္ေတြသတ္မွတ္ ေပးထားမွာျဖစ္ကာ လူမႈေရးစိန္ေခၚမႈေတြ ကို ေျဖရွင္းေပးႏိုင္မယ့္ ဒစ္ဂ်စ္တယ္နည္းလမ္းေတြကို အဖြဲ႕လိုက္ပူးေပါင္း အေျဖရွာရမွျဖစ္ပါတယ္။ ဖိုရမ္ကိုတက္ေရာက္လို သူေတြအေနနဲ႔ အသက္ ၂၀ ကေန ၂၈ ႏွစ္အတြင္းရွိဖို႔လိုမွာျဖစ္ကာ အဂၤလိပ္စကားကၽြမ္းက်င္ပိုင္ႏိုင္ဖို႔လိုမွာျဖစ္ေၾကာင္း၊ ပညာအရည္အခ်င္းအေနနဲ႔ တကၠသိုလ္တက္ ေရာက္ဆဲ ဒါမွမဟုတ္ ၿပီးဆံုးသူျဖစ္ဖို႔လိုေၾကာင္းသိရပါတယ္။

ဖိုရမ္တစ္ေလွ်ာက္လံုးမွာ တယ္လီေနာ အုပ္စုမွ သက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္ေတြက လူငယ္ေတြကိုညႊန္ၾကားျပသသြားမွာျဖစ္ေၾကာင္း၊ Service Design, Prototyping, Presenting, Exhibiting နဲ႔ Pitching စတဲ့ကမၻာမွာက်င့္သံုးေနတဲ့ ပညာရပ္ေတြကို သင္ၾကားျပသသြားမွာ ျဖစ္ပါတယ္။ Telenor လူငယ္ဖိုရမ္ၿပီး ဆံုးတဲ့အခ်ိန္မွာ အႏိုင္ရရွိတဲ့အဖြဲ႕ေတြကို ေရြးခ်ယ္သြားမွာ ျဖစ္ကာ ၎တို႔ရဲ႕စိတ္ကူးေတြကိုအေကာင္အထည္ေဖာ္ဖို႔အတြက္ ဆုေၾကးေငြ ေဒၚလာ ၁၅,၀၀၀ ကိုေပးအပ္ သြားမယ္လို႔သိရပါတယ္။ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ www.telenor.com/youthforum/ ကေန တစ္ဆင့္ေလွ်ာက္ထားႏိုင္မွာျဖစ္ကာ ဇူလိုင္ ၃၁ ရက္အထိေနာက္ဆံုးထားေလွ်ာက္ထားႏိုင္ေၾကာင္းသိရပါတယ္။

-ေအာင္သက္ကို

 

[Unicode]

နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာကျင်းပမယ့် Telenor လူူငယ်ဖိုရမ်မှာ မြန်မာကိုယ်စား ပြုတက်ရောက်ဖို့အတွက် လျှောက်လွှာတင်နိုင် ကြောင်းသိရ ပါတယ်။

အဲ့ဒီဖိုရမ်ကို ဒီဇင်ဘာ ၈ ရက်ကနေ ၁၁ ရက်အထိပြုလုပ်မှာဖြစ်ပြီး Telenor လုပ် ငန်းစုနဲ့ နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ပူးပေါင်းစီစဉ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုဖြစ် ကြောင်းသိရပါတယ်။ “တယ်လီနော်လူငယ်ဖိုရမ်က လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုတွေကို ဦးဆောင်ဖို့စိတ် အားထက်သန်တဲ့ ထူးချွန်လူငယ်တွေမွေး ထုတ်ပေးတဲ့အစီအစဉ်ပါ၊ မြန်မာလူငယ်တွေ အနေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာတိုးတက်ပြောင်းလဲမှုတွေမှာ တစ်ထောင့် တစ်နေရာက ပါ၀င်နိုင်ဖို့ ဒီဖိုရမ်ကိုတက်ရောက်လျှောက်ထားဖို့ တိုက်တွန်းလိုပါတယ်” လို့ Telenor Myanmar ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ Lars Erik Tellmann ကပြောကြားခဲ့ပါတယ်။

အဲ့ဒီဖိုရမ်မှာတက်ရောက်ခွင့်ရသူတွေအနေနဲ့ ဖိုရမ်နဲ့ပတ်သက်ပြီး အချိန်တစ်နှစ်ကြာပေးဖို့လို ကာ ၂၀၁၈ ဒီဇင်ဘာလမှအော်စလိုမြို့နဲ့ ၂၀၁၉ မေလမှာ ဘန်ကောက်မြို့တို့မှာကျင်းပပြုလုပ်မယ့် ဆွေးနွေးလုပ်ဆောင်မှုတွေမှာပါ၀င်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။

Telenor လုပ်ငန်းလည်ပတ်ရာ နိုင်ငံအသီးသီးက ရွေးချယ်ခံရတဲ့ လူငယ်တွေအနေနဲ့ ဖိုရမ် တစ်လျှောက်လုံးမှာ သူတို့အတွက်သတ် မှတ်ထားတဲ့ အဖွဲ့ငယ်တွေပါ၀င်ကာ အခြားရွေးချယ်ခံထားရသူတွေနဲ့အတူ တစ်ပတ်ကိုနှစ်နာရီ ခန့် အွန်လိုင်းကနေတစ်ဆင့် စုပေါင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းစီအတွက် ဒီဇင်ဘာလ အတွင်းအော်စလိုမြို့မှာ အဖွဲ့လိုက်ခေါင်းစဉ်တွေသတ်မှတ် ပေးထားမှာဖြစ်ကာ လူမှုရေးစိန်ခေါ်မှုတွေ ကို ဖြေရှင်းပေးနိုင်မယ့် ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အဖွဲ့လိုက်ပူးပေါင်း အဖြေရှာရမှဖြစ်ပါတယ်။ ဖိုရမ်ကိုတက်ရောက်လို သူတွေအနေနဲ့ အသက် ၂၀ ကနေ ၂၈ နှစ်အတွင်းရှိဖို့လိုမှာဖြစ်ကာ အင်္ဂလိပ်စကားကျွမ်းကျင်ပိုင်နိုင်ဖို့လိုမှာဖြစ်ကြောင်း၊ ပညာအရည်အချင်းအနေနဲ့ တက္ကသိုလ်တက် ရောက်ဆဲ ဒါမှမဟုတ် ပြီးဆုံးသူဖြစ်ဖို့လိုကြောင်းသိရပါတယ်။

ဖိုရမ်တစ်လျှောက်လုံးမှာ တယ်လီနော အုပ်စုမှ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက လူငယ်တွေကိုညွှန်ကြားပြသသွားမှာဖြစ်ကြောင်း၊ Service Design, Prototyping, Presenting, Exhibiting နဲ့ Pitching စတဲ့ကမ္ဘာမှာကျင့်သုံးနေတဲ့ ပညာရပ်တွေကို သင်ကြားပြသသွားမှာ ဖြစ်ပါတယ်။ Telenor လူငယ်ဖိုရမ်ပြီး ဆုံးတဲ့အချိန်မှာ အနိုင်ရရှိတဲ့အဖွဲ့တွေကို ရွေးချယ်သွားမှာ ဖြစ်ကာ ၎င်းတို့ရဲ့စိတ်ကူးတွေကိုအကောင်အထည်ဖော်ဖို့အတွက် ဆုကြေးငွေ ဒေါ်လာ ၁၅,၀၀၀ ကိုပေးအပ် သွားမယ်လို့သိရပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ www.telenor.com/youthforum/ ကနေ တစ်ဆင့်လျှောက်ထားနိုင်မှာဖြစ်ကာ ဇူလိုင် ၃၁ ရက်အထိနောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းသိရပါတယ်။

-အောင်သက်ကို