Telenor လူငယ်ဖိုရမ်တက်ရောက်ခဲ့သူများနှင့် တွေ့ဆုံခြင်း

ငါးနှစ်မြောက်အဖြစ် Telenor လူငယ်ဖိုရမ်ကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက လျှောက်ထားသူ ၇၀၀၀ ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ လူငယ်နှစ်ဦး တက်ရောက်ခွင့် ရခဲ့ပါတယ်။ သူတို့ကတော့ နန်းကံ့ကော်ယွက်ဆိုင်နဲ့ ရာသူ(လ်) ပရာဆတ်တို့ပဲ ဖြစ်ပါတယ်။ ဖိုရမ်နဲ့ပတ်သက်ပြီး အတွေ့အကြုံတွေအကြောင်း လူငယ်နှစ်ဦးကို အင်တာနက်ဂျာနယ်က မေးမြန်းထားတာဖြစ်ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ခွင့်ရခဲ့တဲ့အပေါ် ခံစားချက်ကို ကနဦး သိလိုပါတယ်။

ရာသူ(လ်) ပရာဆတ်– ကျွန်တော်က ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်က လူမှုပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြေရှင်းရတာကို စိတ်ဝင်စားပါတယ်။ အဲဒီအတွက်လည်း Telenor Youth Forum ကိုလျှောက်ဖြစ်တာပါ။ Forum အတွက် ရွေးချယ်တဲ့အခါ အဆင့် ၃ ဆင့်နဲ့ရွေးချယ်ပါတယ်။ ပထမအဆင့်က Essay၊ ဒုတိယအဆင့်က video interview တွေနဲ့ရွေးပြီး နောက်ဆုံးအဆင့်မှာ Telenor ရုံးချုပ်က လူတွေ့စစ်ပါတယ်၊ အဆင့်သုံးဆင့်လုံးကအရမ်းခက်ပြီး နောက်ဆုံးအထိ တော်တော်ကြိုးစားခဲ့ရပါတယ်။ ပြီးတော့ Telenor Youth Forum က တစ်ကမ္ဘာလုံးလျှောက်ထားတဲ့ လူငယ် ၈၀၀၀ ကျော်မှာ ၂၄ ယောက်ပဲရွေးတာဖြစ်လို့ ကျွန်တော်ရွေးခံရပြီလို့ သိတာနဲ့ အရမ်းကိုပျော်လည်းပျော်တယ်၊ စိတ်လည်းအရမ်း လှုပ်ရှားခဲ့ပါတယ်။

နန်းကံ့ကော်ယွက်ဆိုင်– ဟုတ် ဝမ်းသာပါတယ်။

တက်ရောက်ဖို့အတွက် ကိုယ့်ဘက်က ဘာတွေပြင်ဆင်ခဲ့ရပါသလဲ။

ရာသူ(လ်) ပရာဆတ်– အော်စလိုသွားဖို့အတွက်တော့ သိပ်ပြီး မပြင်ဆင်လိုက်ရပါဘူး။ Scandinavia ဆိုတော့ အရမ်းအေးတယ်၊ အဲဒါ
အတွက်တော့ အနွေးထည်တွေ သေချာယူသွားရတယ်၊ အော်စလိုကို ရောက်ရောက်ချင်းနေ့မှာတော့ မြို့ထဲမှာ နည်းနည်းလည်တယ်၊ အရမ်းလှတဲ့မြို့လေးပေါ့၊ ပြီးတော့ လေးရက်ကြာတဲ့ဖိုရမ်ကိုစတာပေါ့၊ ဖိုရမ်ရဲ့အဓိကရည်ရွယ်ချက်က Dervice Design Methodology ကိုသုံးပြီး Sunstainable Development Goal ထဲကတစ်ခုကိုဖြေရှင်းဖို့ solution တစ်ခုထုတ်ပေးဖို့ ဖြစ်ပါတယ်။

နန်းကံ့ကော်ယွက်ဆိုင်– တယ်လီနောလူငယ်ဖိုရမ် Theme က Digitalizing For Peace ဖြစ်တဲ့အတွက် Theme ကိုနားလည်ဖို့နဲ့ digital နည်းပညာဟာ တကယ်ပဲ ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်နိုင်တယ်ဆိုတာကို တကယ်ယုံကြည်ဖို့ လိုအပ်ပါတယ်။ ပြီးတော့မှ UN Sustainable Development Goals က ဘာတွေ ရှိလဲဆိုတာကို လေ့လာဖို့လိုပါတယ်။ ကျန်တာတွေကတော့ ဘာမှထွေထွေထူးထူး ပြင်ဆင်ဖို့ မလိုခဲ့ပါဘူး။

တက်ရောက်တဲ့အခါ မြန်မာကိုယ်စားပြု အမှတ်တရ ဘာတွေရှိခဲ့ပါသလဲ။

ရာသူ(လ်) ပရာဆတ် – ဒီလိုပရောဂျက်ကို ကိုယ့်ဟာကို ဦးဆောင်ပြီး အစကနေအဆုံးအထိ လုပ်ခွင့်ရဖို့ဆိုတာ လွယ်လွယ်နဲ့မရဘူးလေ။ ပြီးတော့ ပရောဂျက်လုပ်တဲ့အခါမှာလည်း နေရာဒေသ၊ ယဉ်ကျေးမှုမတူတဲ့ လူတွေအချင်းချင်း ဘယ်လိုအလုပ် လက်တွဲလုပ်မလဲ၊ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေ သိလာရတာပေါ့။

နန်းကံ့ကော်ယွက်ဆိုင်– ဟုတ် မှတ်မှတ်ရရ နိုဘယ်ဆုပေးပွဲကို တက်ရောက်တုန်းက ညီမရှမ်းဝတ်စုံဝတ်ခဲ့တယ်။ ဒါကို video ရိုက်တဲ့သူက Live လွှင့်တော့ အရှေ့တန်းမှာထိုင်တဲ့ မြန်မာနိုင်ငံက Norway ambassador ကတွေ့ပြီး မြန်မာနိုင်ငံက လာမှန်းသိပြီး ပွဲပြီးတော့ လာနှုတ်ဆက်တယ်။ ပြီးတော့ တခြားနိုင်ငံက Ambassador နဲ့မိတ်ဆက်ပေးတာပါ။ ပြီးတော့ Nobel Peace Concert  ကို သွားရတာလည်း အမှတ်တရတစ်ခုပါ။ ဘာလို့လဲဆိုတော့ ညီမက Concert တစ်ခါမှ မသွားကြည့်ဖူးပါဘူး။

အော်စလိုမှာ ဘာတွေလေ့လာခဲ့ရပါသလဲ။

ရာသူ(လ်) ပရာဆတ် – အဓိကကတော့ Social Problem တွေကို နည်းပညာသုံးပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိလာရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး တိုးတက်ဆဲနိုင်ငံတွေမှာဆိုရင် Social. Economic, health problem တွေ အများကြီးကြုံနေ တတ်တယ်၊ Technology ကို creative ဖြစ်အောင်သုံးရင် ဒီလိုပြဿနာတွေကို ဖြေရှင်းလို့ရတယ်ဆိုတာကို သိလာရပါတယ်။ ဒီလိုအတွေ့အကြုံရခဲ့တဲ့အတွက်လည်း နောက်ပိုင်းဆိုရင် problem တိုင်းဟာ systematically solve လုပ်ရင် အဖြေထွက်လာနိုင်တယ်ဆိုတဲ့ အသိလေးတစ်ခုရလာတာပေါ့။

နန်းကံ့ကော်ယွက်ဆိုင် – အော်စလိုမှာ အဓိက Digital နည်းနဲ့ လူမှုရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ Project လုပ်ရပါတယ်။ ဒီ Project လုပ်တဲ့အခါမှာ ဖိုရမ်ကနေ ကိုယ့် Digital Solutions တွေကို အကောင်အထည်ဖော်နိုင်ဖို့ Service Design Workshop ပေးပါတယ်။

အော်စလိုမှာကြုံခဲ့ရတဲ့အတွေ့အကြုံကိုလည်း မျှဝေပေးပါ။

ရာသူ(လ်) ပရာဆတ် – Forum ကိုလာတဲ့လူတွေကတော့ နိုင်ငံပေါင်း ၁၂ နိုင်ငံက လူငယ်တွေဖြစ်ကြပါတယ်။ အားလုံးကအရမ်းကို အမြင်ကျယ်ကြပြီး သူတို့နိုင်ငံမှာ ဖြစ်နေကြတဲ့ ပြဿနာရော တခြားနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေကိုပါ ပွင့်ပွင့်လင်းလင်း လက်ခံနိုင်ကြသူတွေ ဖြစ်ပါတယ်။

နန်းကံ့ကော်ယွက်ဆိုင် – ဖိုရမ်မှာ နိုင်ငံတကာကနေ ကိုယ်စားပြုလာတဲ့သူတွေနဲ့ ၆ ယောက်တစ်ဖွဲ့ခွဲပြီး လူမှုရေးပြဿနာတစ်ခုစီကို Digital နည်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာရပါတယ်။ ဒီ Project ကို အဓိကလုပ်ရတာပါ။ ကျန်တာတွေကတော့ နိုဘယ်ဆုပေးပွဲ တက်ရောက်တယ်။ ပြီးတော့ နိုဘယ်ငြိမ်းချမ်းရေးစင်တာရဲ့ Exhibition ကိုသွားကြည့်ရပါတယ်။ ဒါ့အပြင် နိုဘယ်ငြိမ်းချမ်းရေး Concert ကိုလည်းသွားခဲ့ရပါတယ်။ City Race Game တွေလည်း ကစားဖြစ်ခဲ့ပါတယ်။

အဲဒီကနေရတဲ့ အခွင့်အရေးတွေဟာ မြန်မာနိုင်ငံမှာ ကိုယ်ထိတွေ့နေရတဲ့အဖွဲ့အစည်းအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။

နန်းကံ့ကော်ယွက်ဆိုင် – ညီမ အခုလုပ်နေတဲ့ကော်တိုင်းအဖွဲ့က Community Empowerment နဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခြင်းကို ခံနေရတဲ့ ပြည်သူလူထုတွေကို အဘက်ဘက်ကနေ ကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီဖိုရမ်ကို မလျှောက်ခင်ကတည်းက ရှမ်းပြည်မှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေရတဲ့ ပြည်သူတွေကနေတစ်ဆင့် သက်သေနဲ့ ဓာတ်ပုံတွေကို Social Media ဖြစ်တဲ့ Facebook နဲ့ Wechat ကနေတစ်ဆင့် Post တွေ တင်ကြပါတယ်။ ဒါပေမဲ့ ဒီချိုးဖောက်မှုတွေက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဆီ ရောက်ချင်မှရောက်တယ်။ တချို့ Case
တွေဆိုရင် မှန်ပေမယ့် အချက်အလက်တွေ အဖွဲ့အစည်းတွေဆီကို မရောက်တာတွေ ရှိပါတယ်။ ဒါကိုတွေ့တော့ War Victims တွေအတွက် သူတို့ခံနေရတဲ့ ချိုးဖောက်မှုတွေကို သက်ဆိုင်ရာ Human Rights Organizations တွေဆီ တိုက်ရိုက်ပို့နိုင်ပြန်တဲ့ Website လေးရှိရင် ကောင်းမှာပဲလို့ ညီမတို့တွေးဖူးပါတယ်။ ဒါ့ကြောင့် ဒီအခွင့်အရေးကတော့ ညီမအလုပ်အတွက် သင့်တော်တဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။

ရရှိခဲ့တဲ့အသိပညာတွေက မြန်မာနိုင်ငံအပေါ် ဘယ်လိုအကျိုး သက်ရောက်မှုရှိမလဲ။

နန်းကံ့ကော်ယွက်ဆိုင် – ခုရှမ်းပြည်မှာရှိတဲ့ တချို့ရွာတွေဆိုရင် ရွာသားတွေကို မင်းတို့မနေချင်ရင် ထွက်သွားလို့ မောင်းထုတ်နေတဲ့ အဆင့်ပါ။ ညီမက လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းလုပ်နေတဲ့အတွက် အရင်ဆုံး မြန်မာနိုင်ငံရဲ့ Human Rights sector ကို ခုနကမေးခွန်းမှာ ဖြေခဲ့တဲ့အတိုင်း လုပ်ဆောင်ချင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုနည်းရင် ပြည်သူတွေလည်း ကိုယ့်တိုင်းပြည်မှာ ကိုယ်နေချင်စိတ်ရှိလာမှာပါ။

အော်စလိုကနေ ပြန်လာတဲ့အချိန်နဲ့ မသွားခင်အချိန်ဘာကွာခြားသွားပါသလဲ။

နန်းကံ့ကော်ယွက်ဆိုင် – Service Design Workshop လုပ်ပေးတဲ့အတွက် အဲ့ဒါနဲ့ပတ်သက်တဲ့ အသိပညာအချို့ရလာပါတယ်။ နိုင်ငံတကာက လူငယ်တွေနဲ့လည်းတွေ့လာရတဲ့အခါ သူတို့ရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားမှတ်ချက်၊ အမြင်တွေက ဘယ်လိုအနေ
အထားရှိပါသလဲ။

နန်းကံ့ကော်ယွက်ဆိုင် – Norway မှာ ကိုယ့်အဖွဲ့နဲ့ကို အလုပ်အကြောင်းပဲ ပြောတာများပါတယ်။ တခြားဘာမှပြောဖြစ်တာ သိပ်မရှိပါဘူး။ မြန်မာနိုင်ငံကို လာလည်ချင်တယ်လို့တော့ ပြောပါတယ်။

Telenor လူငယ်ဖိုရမ်နဲ့ပတ်သက်ပြီး အမှတ်တရတွေကို သိချင်ပါတယ်။

ရာသူ(လ်) ပရာဆတ် – TYF မှာ အမှတ်တရအချိန်တွေ အများကြီးရှိခဲ့ပါတယ်။ ဖိုရမ်ပထမဦးဆုံးနေ့မှာ အော်စလိုမြို့ပတ်ပြီး Scavenger
Hunt လုပ်ခဲ့ရတာတို့ Holmenkollen ski resort မှာ Nprwegian Dinner စားခဲ့ရတာတို့က အရမ်းကို အမှတ်တရတွေများခဲ့တယ်၊ အားလုံးထဲမှာ အကောင်းဆုံး အတွေ့အကြုံကတော့ Oslo City Hall မှာ နှစ်စဉ်ကျင်းပတဲ့ Nobel Peace Prize ကို တက်ရောက်ခွင့်ရတာပါပဲ၊ ဒီလိုခမ်းနားတဲ့ပွဲကို တက်ရောက်ခွင့်ရတယ်ဆိုတာ လွယ်လွယ်နဲ့ရတာ မဟုတ်ဘူးလေ၊ အဲဒီအတွက်လည်း အရမ်းကို ပီတိဖြစ်ခဲ့ရပါတယ်။

နန်းကံ့ကော်ယွက်ဆိုင် – နိုဘယ်ဆုပေးပွဲနဲ့ Nobel Peace Concert မှာ John Legend ဖျော်ဖြေတာကို ကြည့်ရတာ အမှတ်တရဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

-ထွန်းထွန်း