Telenor မှ မိုဘိုင်းဝန်ဆောင်မှုများကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်အတွက် အသိပညာပေးမှုများ ဆောင်ရွက်သွားမည်

မိုဘိုင်းဝန်ဆောင်မှုများအား အကျိုးရှိစွာ အသုံးပြုနိုင်စေရေးအတွက် အသိပညာပေးမှုများကို Telenor အနေဖြင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း Telenor Myanmar ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Mr. JoslinMyrthong ကပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေရဲ့ အကြံဉာဏ်ကို အခြေခံပြီး ပိုမိုကောင်းသည်ထက် ကောင်းမွန်အောင် လုပ်ဆောင်နေတာပါတယ်။ ဝန်ဆောင်မှုတွေရယူတာ၊ အကြံဉာဏ်တွေပေးတာ၊ ဖုန်းဘီလ်ကုန်ကျမှု အပါအဝင် အခြားမရှင်းတဲ့ အချက်အလက်တွေကို မေးမြန်းတာတွေစတာတွေကို ဆောင်ရွက်ဖို့ Telenor အနေနဲ့ အွန်လိုင်းနဲ့ရော လူကိုယ်တိုင်သွားရောက်ပြီး ဖြေရှင်းပေးတဲ့ နည်းလမ်းတွေကို ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။

ဖုန်းဘီလ်ဖြတ်တောက်မှုတွေနဲ့ ပတ်သတ်ပြီး ရှင်းလင်းစွာသိရှိလိုတဲ့ သုံးစွဲသူတွေအနေနဲ့ Telenor အမှတ်တံဆိပ် အရောင်းဆိုင်များ၊ ဝက်ဘ်ဆိုက်၊ My Telenor အက်ပလီကေးရှင်း၊ အီးမေးလ် [email protected] သို့ သုံးစွဲသူအမည်၊ ဖုန်းနံပါတ်၊ ဖြစ်ခဲ့သည့် နေ့ရက်၊ အချိန်တို့အပါအဝင် လိုအပ်သော အချက်အလက် အသေးစိတ်တို့ကို ပေးပို့ကာမေးမြန်းနိုင်မယ်လို့ သိရပါတယ်။

-အောင်သက်ကို