Tecno Spark Youth

Price : 125,000 Ks (1GB/16GB)

အားသာချက်

ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ နောက်ဆုံးထွက် လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်မှု၊ လက်ဗွေစနစ်အပြင် Face ID လို့ခေါ်တဲ့ မျက်နှာပြင်နဲ့ ဖုန်း Screen ကို Unlock လုပ်နိုင်တဲ့စနစ်တွေပါ ထောက်ပံ့ ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပါ။

အားနည်းချက်

3000 mAh က ၆ လက်မ အရွယ်အစား ဖုန်းတစ်လုံးအတွက် နည်းတယ်လို့ ဆိုရမှာဖြစ်ပြီး Standby ပုံမှန် ၁ဝ နာရီ ဝန်းကျင်သုံးနိုင်ပေမယ့် တစ်နေ့တာလုပ်ငန်းဆောင်တာ မျိုးစုံအတွက်ကတော့ ဘက်ထရီ လုံလောက်မှု မရှိတာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ 28m Mediatek MT6580 chip ကို အသုံးပြုထားပြီး RAM အနေနဲ့ 1GB နဲ့ သိုလှောင်နိုင်မှုပမာဏ 16GB ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းက entry-level ဖုန်းတစ်လုံးအတွက် ကျေနပ်စရာ ကောင်းပေမယ့် မြန်နှုန်းမြင့်မားတယ်လို့တော့ မခံစားရပါဘူး။ လက်ဗွေစနစ်အပြင် မျက်နှာနဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့ နည်းပညာထောက်ပံ့ ပါဝင်ပြီး မြန်ဆန်မှုရှိပါတယ်။ OS အနေနဲ့ Android 8.1 (Oreo Go) ပါဝင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ပါးလွှာတဲ့ ဒီဇိုင်းနဲ့ သူ့ရဲ့ အရွယ်အစားအရ ဈေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်တွေထက် အနည်းငယ် ပေါ့ပါးမှုရှိတယ်လို့ ဆိုရမှာဖြစ်စ်ပါတယ်။ ကျောဘက်ကင်မရာကိုတော့ ဖုန်းရဲ့ ဒေါင်လိုက်ပုံစံ တပ်ဆင် ထားပြီး လက်ဗွေလုံခြုံရေးစနစ်ကို အလယ်မှာ တပ်ဆင်ထားပါတယ်။ LED flash စနစ်ကိုတော့ ကင်မရာရဲ့အောက်ဘက်မှာ ကပ်လျက်ထည့်သွင်းထားပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက် ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေကို ထည့်သွင်းထားပါတယ်။ အလေးချိန်ကတော့ ၁၅၅ ဂရမ် ရှိပါတယ်။ သူ့ရဲ့ အလေးချိန်နဲ့ အရွယ်အစား ပါးလွှာမှုဒီဇိုင်းက လက်ထဲမှာ ကိုင်ရတာ အဆင်ပြေမှု ရှိပါတယ်။

၆.ဝ လက်မရှိတဲ့ မျက်နှာပြင်က IPS LCD Display က 720×1440 pixel ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၇၆.၅ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 18:9 ရှိပါတယ်။ HD display က ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာပါ။

ကင်မရာ

ကျောဘက်မှာ aperture f/1.8 ရှိတဲ့ 8MP ကင်မရာတပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ aperture f/2.0 ရှိတဲ့ 8MP အမျိုးအစားဖြစ်ပါတယ်။ ကင်မရာအတွက် AF စနစ် ထောက်ပံ့ပါဝင်တာက ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် ကျေနပ်စရာပါ။ HDR, panorama စနစ်လည်း ထောက်ပံ့ပါဝင်ပြီး Indoor နဲ့ Outdoor ပုံတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို 30fps ဗီဒီုကိုလည်း 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

Li-Ion 3000mAh ပမာဏ ဘက်ထရီက Standy အနေနဲ့ ၁၀ နာရီဝန်းကျင်ခန့် ထားရှိအသုံးပြုနိုင်ပေမယ့် တစ်နေ့တာလုပ်ဆောင်မှု မျိုးစုံအတွက်ကတော့ မြင်ကွင်းကြီးမားတဲ့ ဖုန်းတစ်လုံးအတွက် နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျက်စမတ်ဖုန်းဖြစ်တဲ့ Tecno Spark Youth မှာ နောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေ ပါဝင်တာက နှစ်သက်စရာကောင်းလှသလို သူ့မှာ Tecno Spark 2 နဲ့ Spark 2 Plus နဲ့ တော်တော်များများ တူနေတာကလည်း ကျေနပ်စရာပါ။ Tecno Pouvoir 2 လိုမျိုး ကျောဘက်ကင်မရာကို ဒေါင်လိုက်ထည့်သွင်းထားတဲ့အတွက် ဆွဲဆောင်မှုရှိတဲ့ ဖုန်းတစ်လုံးပါတယ်။ လက်ဗွေစနစ်ပါတဲ့ အပြင် မျက်နှာပြင်နဲ့ ဖုန်း Screen ကို Unlock လုပ်နိုင်တာကလည်း ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် အထင်ကြီးစရာပါ။ ဘက်ထရီကတော့ မြင်ကွင်းကျယ်ဖုန်းတစ်လုံးအတွက် လုံလောက်ရုံ ပါဝင်တာကလွဲရင် နောက်ဆုံးပေါ် လုပ်ဆောင်ချက် တော်တော်များများ ထောက်ပံ့ပါဝင်ပြီး ဒီဇိုင်းလှတဲ့ ဘတ်ဂျက်ဖုန်းကိုင်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

GSM LTE-A
SIM Dual SIM (Nano-SIM, dual stand-by)
Display IPS LCD capacitive touchscreen, 6.0 inches (18:9 ratio)
OS Android 9.0 (Pie); ColorOS 6 Lite
CPU Mediatek MT6580A
GPU Mali-400MP2
Camera 8 MP(f/2.0), AF, LED flash, HDR, panorama; Front 8 MP (f/2.0)
Internal 16 GB; RAM 1 GB, microSD, up to 64 GB
Battery Li-Ion 3000 mAh
Others Wi-Fi 802.11 b/g/n, Bluetooth 4.2, Fingerprint sensor
Display
Performance
Camera
Battery
Hand on
Over all

-ရဲထွဋ်ဝင်း