
Price : 159,900 Ks
အားသာချက်
4000mAh ဘက်ထရီက တစ်နေ့တာအတွက် လုံလောက်မှုရှိသလို ကျောဘက်ကင်မရာ 13MP AI ကင်မရာသုံးလုံး ပါဝင်တာနဲ့ နောက်ဆုံးထွက် Android OS စနစ် ထောက်ပံ့ပါဝင်တာက နှစ်သက်စရာပါ။ ရှေ့ဘက်ကင်မရာအတွက် Selfie ဖလက်ရှ်မီးကို ဘောင်ထဲမှာ ထည့်သွင်းထားတာက ဆွဲဆောင်မှုရှိသလို USB OTG စနစ် တစ်ပါတည်း ပါဝင်တာကလည်း အသုံးဝင်တဲ့ အချက်တစ်ချက်ပါ။
အားနည်းချက်
အချိန်ကြာကြာ အွန်လိုင်းဂိမ်းကစားမှုအတွက် ဖုန်းကိုယ်ထည် သိသိသာသာ ပူနွေးလာတာနဲ့ Quad-core CPU ကို အသုံးပြုထားတာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
ဒီဖုန်းမှာ အမြန်နှုန်း 2.0 GHz ရှိတဲ့ 12nm အမျိုးအစား MediaTek Helio A22 CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ 3GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32GB ပါဝင်ပါတယ်။ Android 9 အခြေခံထားတဲ့ HiOS 5.0 ကို အသုံးပြုထားပြီး UI က သုံးစွဲသူတွေအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် ဖန်တီးထားပြီး ဂိမ်းကစားမှုအတွက် အထူးလုပ်ဆောင်ချက်တွေလည်း ထည့်သွင်းပေးထားပါတယ်။ ဂိမ်းစနစ်အတွက် လုပ်ဆောင်ချက်တွေ၊ Smart panel လုပ်ဆောင်ချက်တွေအပြင် အကောင့်နှစ်ခု အသုံးပြုနိုင်တဲ့ Multi Account စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ လက်ဗွေလုံခြုံရေး စနစ်အပြင် မျက်နှာပြင်နဲ့ ဖုန်းကို unlocl လုပ်နိုငတဲ့ Face Unlock 2.0 စနစ် ထောက်ပံ့ပါဝင်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
ကိုယ်ထည် တည်ဆောက်ထားမှုက လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်ရှိပြီး လက်တစ်ဖက်တည်း အဆင်ပြေပြေ ကိုင်တွယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်ကို အသံ အတိုးအကျယ် ခလုတ်ရဲ့ အောက်ဘက်နားမှာ တပ်ဆင်ထားပြီး လက်ဗွေစနစ်ကို ကျောဘက်ကာဗာ အလယ်နား မှာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကာဗာကိုတော့ ရောင်ပြေးဒီဇိုင်း ဖန်တီးထားပြီး မလေးလွန်းမပေါ့လွန်းတဲ့ အလေးချိန်က ကိုင်ရတာ အဆင်ပြေစေပါတယ်။
၆.၅၂ လက်မရှိတဲ့ မျက်နှာပြင်က IPS LCD Display က 720×16 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၉၀ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19.5:9 ရှိပါတယ်။
ကင်မရာ
ကျောဘက်မှာ aperture f/1.8 ရှိတဲ့ 13MP ကင်မရာနဲ့ 2MP depth ကင်မရာအပြင် AI ကင်မရာတစ်လုံး စုစုပေါင်း ကင်မရာသုံးလုံး တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ aperture f/2.0 ရှိတဲ့ 8MP ကင်မရာအမျိုးအစား ဖြစ်ပါတယ်။ ကင်မရာအတွက် AF စနစ်ထောက်ပံ့ပါဝင်ပြီး Indoor နဲ့ Outdoor ပုံတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို ဗီဒီယိုခေါ်ဆိုမှုအတွက် ရှေ့ ဘက် selfie ဖလက်ရှ်မီးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဘက်ထရီ
Li-Ion 4000mAh ပမာဏ ဘက်ထရီကို ထည့်သွင်းပေးထားပြီး ခြား ဈေးနှုန်းတူ ဖုန်းတွေလိုပဲ ပုံမှန်တစ်နေ့တာ အသုံးပြုမှုအတွက် လုံလောက်မှုရှိတဲ့ပမာဏ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ အားသွင်းမြန်ဆန်တဲ့ နည်းပညာတွေ ထောက်ပံ့ပါဝင်မှု မရှိပါဘူး။
သုံးသပ်ချက်
Tecno Spark 4 က နောက်ဆုံးပေါ် OS စနစ်နဲ့ လုပ်ဆောင်ချက်တွေ စုံလင်သလို သူ့မှာသုံးထားတဲ့ AI ကင်မရာသုံးလုံးကလည်း ဈေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ကောင်းကောင်းယှဉ်နိုင်ပြီး ကြီးမားတဲ့ ဘက်ထရီ ပါဝင်တာက ဖုန်းကို တစ်နေ့တာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဂိမ်းကစားဖို့အတွက် Game mode စနစ်တွေ ထောက်ပံ့ပါဝင်ပေမယ့် အချိန်ကြာကြာ ဂိမ်းကစားတဲ့အခါမှာတော့ ဖုန်းကိုယ်ထည် ပူနွေးလာတာက သတိပြုစရာပါ။ Quad-core CPU ကို အသုံးပြုထားတာက ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် အနည်းငယ် ခေတ်နောက်ကျတယ်လို့ ထင်ရပေမယ့် အသုံးပြုရတာ နှေးတယ်လို့ မခံစားရ ပါဘူး။ မြင်ကွင်း ကြီးမားပြီး ဘက်ထရီကြာကြာ အသုံးပြုနိုင်တဲ့ နောက်ဆုံးပေါ်ဒီဇိုင်း စမတ်ဖုန်းကို အသုံးပြုချင်သူတွေနဲ့ တန်ဖိုးသင့်တင့်ပြီး စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့ ဖုန်းကို အသုံးပြုချင် သူတွေအတွက် Tecno Spark 4 က ရွေးချယ်စရာတစ်ခုလို့ သုံးသပ်ရမှာဖြစ်ပါတယ်။
GSM |
LTE |
SIM | Dual SIM |
Display | IPS LCD capacitive touchscreen, 6.52 inch HD+ |
OS | Android 9 (Pie), HiOS 5.0 |
CPU | MediaTek Helio A22 (12nm) |
GPU | Adreno 630 |
Camera | 13 MP (f/1.8) + 2MP depth + AI Rear, PDAF, OIS, Dual-LED flash; Front 8MP with flash |
Internal | 32 GB; RAM 3 GB, microSD, up to 128 GB |
Battery | Li-Po 4000 mAh |
Others | Wi-Fi 802.11 b/g/n/ac/ax, Bluetooth 4.0, Fingerprint, Face Unlock 2.0, OTG |
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand on | ![]() |
Over all | ![]() |
-ရဲထွဋ်ဝင်း