Tecno smart watch 1

Tecno ကထုတ်လုပ်လိုက်တဲ့ smart watch1 ဖြစ်ပါတယ်။ ကျန်းမာရေးကို စောင့်ကြည့်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ အပြင် IP65 waterproof rating ရထားတဲ့အတွက် ရေနဲ့ အမှုန်အမွှားတွေ ထိခိုက်မှုဒဏ်ကို ခံနိုင်ပါတယ်။ ဘာသာပေါင်း ၅၀ ကျော် ထောက်ပံ့ပေးထားသလို ယူနီကုတ်ကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ ၁.၃ လက်မ အရွယ်ရှိ IPS Full Vision Color screen ထောက်ပံ့ပေးထားပြီး ရုပ်ထွက်အရည်အသွေး 240×240 Pixel အထိရရှိကာ ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Health Management, Smart temperature detector တွေလည်း ပါဝင်ပါတယ်။ဖုန်းထဲကိုရောက်လာတဲ့ Message တွေ၊ Notification တွေကိုလည်း တိုက်ရိုက် Remind လုပ်ပေးမှာ ဖြစ်ပါတယ်။ ချိတ်ဆက်မှု အပိုင်းကတော့ Bluetooth v5.0 ဖြစ်ပြီး iOS ရော Android OS မှာပါ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 200mAh Battery အသုံးပြုထားပြီး တစ်ခါအားသွင်းရင် နှစ်နာရီခန့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဘက်ထရီ အားပြည့်တဲ့အခါမှာ လုပ်ဆောင်ချက်တွေ အကုန်ဖွင့်ထားပြီးအသုံးပြုမယ်ဆိုရင် ၈ ရက်ကနေ ၉ ရက်ထိ အသုံးခံနိုင်မှာ ဖြစ်ပါတယ်။ Standby အနေနဲ့ဆိုရင် ရက်ပေါင်း (၉ဝ) အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အရွယ်အစားက 41 x 35 x 10.3mm ဖြစ်ပြီး 34g အလေးချိန် ရှိပါတယ်။ တန်ဖိုးက ၄၅,၀၀၀ ကျပ် ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။