TECNO Mobile မှ Pouvoir 4 Pro ကို ဂိမ်းကစားသမားများနှင့် ဗီဒီယိုဖန်တီးသူများအတွက် စတင်မိတ်ဆက်

TECNO Mobile မှ Pouvoir 4 Pro ကို ဂိမ်းကစားသမားများနှင့် ဗီဒီယိုဖန်တီးသူများအတွက် စတင်မိတ်ဆက်လိုက်ပါတယ်။

TECNO Mobile ဟာ နာမည်ကြီး Pouvoir မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ကမ္ဘာ့အသိအမှတ်ပြု မိုဘိုင်းဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ TECNO ဟာ တစ်ကြိမ်အားသွင်းရုံနဲ့ လေးရက်ကြာ အသုံးပြုနိုင်တဲ့ 6000mAh ဘက်ထရီ ပါဝင်တဲ့ Pouvoir 4 Pro ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျောဘက်မှာ 16MP AI Quad camera နဲ့ 5MP+2MP+AI lens တို့ပါဝင်မှာ ဖြစ်ပြီး အရှေ့ဘက်မှာတော့ flash မီးနှစ်လုံး အထောက်အပံ့ပေးထားတဲ့ 16MP camera ပါဝင်မှာဖြစ်ပါတယ်။ 7-inch HD+ Drop Display ကြောင့် Pouvoir 4 Pro ဟာ Entertainment အတွက် ဖြစ်စေ၊ ဂိမ်းဆော့ရန်အတွက် ဖြစ်စေ အသင့်တော်ဆုံး ဖုန်းတစ်လုံး ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

Android Q ပေါ်မှာ TECNO ရဲ့ HI OS 6.0 အသုံးပြုထားတဲ့ Pouvoir 4 Pro အနေနဲ့ မြန်မာနိုင်ငံရဲ့ ဈေးကွက်အတွင်းသို့ မကြာမီ ရောက်ရှိလာတော့မှာဖြစ်ပြီး ဈေးနှုန်း ၂၂၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယခင်ဖုန်းတွေထက် ပိုမို ပေါ့ပါး ပါးလွှာတဲ့ Premium glossy ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ Pouvoir 4 Pro မှာ Face Unlock, Fingerprint Sensor တို့ ပါဝင်တာကြောင့် လုံခြုရေး ပိုမိုကောင်းမွန်ပါတယ်။ ဘေးဘက်မှာ Virtual Google Assistant ခလုတ်တစ်ခု ပါဝင်ခြင်းကလည်း Google Assistant ကို အချိန် နေရာမရွေး လက်တစ်ကမ်းမှာ ရှိစေမှာဖြစ်ပါတယ်။ Integrated Entertainment Product ဖြစ်တာနဲ့ အညီ Pouvoir 4 Pro ကို အကောင်းဆုံးသော entertainment အတွေ့အကြုံအတွက် ၇ လက်မ မျက်နှာပြင်နဲ့ ၉၀.၅၅ screen ratio နဲ့ ထုတ်လုပ်ထားပါတယ်။ ကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့ လိုက်ဖက်စွာ အသံကို တိကျပြတ်သားစွာ နားဆင်နိုင်မယ့် dual speakers ကိုလည်း ထည့်သွင်းပေးထားပါတယ်။

“ ပြည်တွင်းဈေးကွက်အတွင်းရှိ TECNO ချစ်ပရိသတ်များက ဗီဒီယိုတွေ အချိန်ကြာကြာ ကြည့်ကြတယ် ပြီးတော့ ဂိမ်းကောင်းကောင်း ဆော့နိုင်မယ့် Smartphone ကို အလိုရှိကြတာကို သိရပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်နည်းပညာရော AI technology များပါ အသုံးပြုထားတဲ့ Pouvoir 4ကို အသစ်အဆန်းကြိုက်ကြတဲ့ ပြည်တွင်း ဝယ်ယူသူများက နှစ်ခြိုက်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ချက်ရှိပါတယ်။ တာရှည်ခံသော ဘက်ထရီ၊ အကောင်းမွန်ဆုံးသော Memory နဲ့ Processor ကြောင့် အထစ်အငေါ့မရှိတဲ့ Smooth Mobile Experience ကို ရရှိမှာလည်း ဖြစ်ပါတယ်။ အသင့်တော်ဆုံး ဈေးနှုန်းကြောင့် အသုံးပြုသူများကို ပေးရတဲ့ဈေးထက် ပိုမိုထိုက်တန်သော အတွေ့အကြုံသစ်ကို ခံစားရစေမှာပါ” လို့ TECNO Mobile Myanmar ရဲ့ Country Manager ဖြစ်သူ Jason Wong ကလည်းပြောကြားခဲ့ပါတယ်။

Pouvoir 4 Pro မှာ 128GB +6GB Memory အသုံးပြုထာတာကြောင့် ဂိမ်းဆော့ရာမှာ အထစ်အငေါ့ ကင်းရှင်းစေမှာဖြစ်ပါတယ်။ ဂိမ်းကစားရာမှာလည်း Fire key အဖြစ်အသုံးပြုနိုင်တဲ့ Magic Button တစ်ခုလည်း ပါဝင်ပါတယ်။ PUBG ကစားသူတွေအတွက် High quality PUBG game experience ရရှိစေပြီး ပါဝါ ၅၀ ရာခိုင်နှုန်း သက်သာစေမယ့် Screen Off Gaming Mode လည်း ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာလည်း အရှေ့ရော အနောက်ကိုပါ အကောင်းမွန်ဆုံး ကင်မရာတွေ အသုံးပြုထားပါတယ်။ အလိုအလျောက် low light ဗီဒီယိုတွေကိုပို လင်းစေမယ့် Low Light Video Record Mode လည်း ပါဝင်သည်။ Android Q ရဲ့ customized version ဖြစ်တဲ့ HiOS ကို အသုံးပြုထားပြီး Ice Jadeite, Misty Grey and Fascinating Purple အရောင်သုံးမျိုး ရှိမှာဖြစ်တဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို https://www.tecno-mobile.com/mm/home မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။