Tecno Camon 16 အိန္ဒိယဈေးကွက်ထဲ ဝင်လာပြီး ဒေါ်လာ ၁၅၀ ကျသင့်

ပြီးခဲ့တဲ့လက Camon 16 Pro နဲ့ Camon 16 Premier နဲ့အတူ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ Tecno Camon 16 ကတော့ အိန္ဒိယဈေးကွက်ထဲရောက်လာပါတယ်။

Tecno Camon 16 မှာ Helio G70 SoC ပါဝင်ပြီး Android 10 အခြေခံ HiOS 7.0 နဲ့ RAM 4GB နဲ့ storage 64GB ပါဝင်လာပါတယ်။ စမတ်ဖုန်းမှာတော့ microSD ကတ်ပေါက် ပါဝင်ပြီး 256GB အထိ ထည့်သွင်းနိုင်ပါတယ်။
Camon 16 မှာတော့ မျက်နှာပြင် ၆.၈ လက်မ HD+ ရုပ်ထွက်အရည်အသွေး ပါဝင်ပြီး ဖုန်းဘယ်ဘက်ထောင့်မှာ 16MP selfie ကင်မရာ ပါဝင်ပါတယ်။ Super Night Shot လည်းပါဝင်ပြီး 2K video ရိုက်ကူးမှုနဲ့ Video Bokeh လည်း ပါဝင်လာပါတယ်။

ကျောဘက်မှာ ကင်မရာ ၄ လုံးဖြစ်တဲ့ 64MP, 2MP macro, 2MP depth နဲ့ 2MP AI Lens တို့ ပေါင်းစပ်ထားပါတယ်။ ဒါ့အပြင် fingerprint reader ပါဝင်ပြီး Night Portrait Mode, 10x Zoom, Slow-mo Video Recording နဲ့ Video Bokeh ပါဝင်လာပါတယ်။

Camon 16 မှာ Eye Autofocus ဆိုတဲ့ လုပ်ဆောင်ချက် ရှေ့နဲ့ နောက်ကင်မရာတွေမှာ ပါဝင်လာပါတယ်။ Tecno Camon 16 ကိုတော့ အဖြူ၊ အပြာနဲ့ မီးခိုးထုတ်လုပ်ပြီး ဘက်ထရီ 5,000mAh ပါဝင်ကာ microUSB port ကတစ်ဆင့် 18W အထိ အားသွင်းပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ အိန္ဒိယရူပီး ၁၀,၉၉၉ (ဒေါ်လာ ၁၅၀) ဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««