Tecno အမှတ်တံဆိပ် စွမ်းဆောင်ရည်မြင့် Pouvoir 4 စမတ်ဖုန်း မကြာမီ ပြည်တွင်းစျေးကွက် ဝင်ရောက်မည်

TECNO Mobile မှ ပြည်တွင်း ဈေးကွက်အတွင်းသို့ ပထမဦးဆုံး ultra- long battery life 6000mAh ဘက်ထရီပါဝင်တဲ့ Pouvoir 4 Pro ကို တင်သွင်းရောင်းချသွားမယ်လို့ သိရပါတယ်။

Pouvoir 4 Pro မှာ စွမ်းဆောင်ရည်မြင့် 6000mAh ဘက်ထရီ ပါဝင်မှာဖြစ်ပြီး တစ်ခါ အားသွင်းရုံနဲ့ လေးရက်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အားအပြည့်သွင်းထားတဲ့အချိန် ရုပ်ရှင်ကြည့်တဲ့အခါမှာ ၇၉၂ မိနစ်ခန့် ၊ ဂိမ်းကစားတဲ့အခါမှာ ၆၃၈ မိနစ်ကြာခန့် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ HD vlog ရိုက်ကူးတာကိုတော့ ၅၂၆ မိနစ်ကြာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ကျောဘက်မှာ 16MP AI Quad camera နဲ့ 5MP+2MP+AI lens ပါဝင်မှာ ဖြစ်ပြီး အရှေ့ဘက်မှာတော့ flash မီးနှစ်လုံး အထောက် အပံ့ပေးထားတဲ့ 16MP camera ပါဝင်မှာ ဖြစ်ပါတယ်။ Android Q ပေါ်မှာ TECNO ရဲ့ HI OS 6.0 အသုံးပြုထားတယ်လို့ ဆိုပါတယ်။ 7-inch HD+ Drop Display ဖြစ်တဲ့အတွက် Entertainment အတွက် ဖြစ်စေ၊ ဂိမ်းဆော့ရန်အတွက် ဖြစ်စေ အသင့်တော်ဆုံး ဖုန်းတစ်လုံးဖြစ် လာနိုင်မယ်လို့ သိရပါတယ်။