Teclast T30

တန်ဖိုး – ကန်ဒေါ်လာ ၂၁၉

အားသာချက်

ဘက်ထရီ သုံးစွဲနိုင်မှုကြာ ချိန်က ဒီ tablet ရဲ့ အားသာချက် တစ်ခုပါ။ Gaming အတွက်စွမ်း ဆောင်ရည်ပိုင်းကလည်းကောင်း မွန်ပါတယ်။ ဒါ့အပြင် စပီကာပိုင်း ကလည်း T10 နဲ့ T20 တို့ထက် ပိုမိုကောင်းမွန်ပါတယ်။

အားနည်းချက်

Brightness settings က အ နိမ့်ဆုံးအဆင့်ထိထားတာတောင် အလင်း တော်တော်တောက်ပပါ တယ်။ White balance control မပါဝင်ပါဘူး။ HDMI output လည်း မပါဝင်ပါဘူး။

အသေးစိတ်ဖော်ပြချက်

P70 Octa Core processor ကိုအသုံးပြုထားပြီး RAM က 4GB ပါဝင်ပါတယ်။ Tablet ထဲမှာအ ချက်အလက်တွေကိုသိမ်းဆည်း ဖို့အတွက် 64GB ပမာဏ ရှိတဲ့ storage ကို အသုံးပြုထားပါ တယ်။ မျက်နှာပြင်အရွယ်အစား ကတော့ ၁၀.၁ လက်မခန့် ရှိမှာဖြစ်ပြီး၊ Screen resolution ကတော့ 1920 x 1200 ဖြစ်ပါတယ်။ Tablet မှာ အ သုံးပြုထားတဲ့ Operating System ကတော့ Android 9.0 ဖြစ်ပါတယ်။ Graphic အတွက် ARM-MALI G72 MP3 GPU ကို သုံးစွဲပေးထားပါတယ်။ ကင်မ ရာပိုင်းကတော့ အနောက်ဘက် ကင်မရာက 8 megapixels ရှိမှာဖြစ်ပြီး အရှေ့ဘက်ကင်မ ရာက 5 megapixels ရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီသိပ်သည်း မှုပမာဏကတော့ 8000 mAh ခန့် ရှိမှာဖြစ်ပါတယ်။ အွန်လိုင်း ကနေ 1080 အရည်အသွေးရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပုံမှန် အလင်းနဲ့ ကြည့်မယ်ဆိုရင် ၁၁ နာရီခန့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

-သီဟ