Teclast T20 4G

တန်ဖိုး – ကန်ဒေါ်လာ ၂၀၉.၉၉ (Gearbest Price)

အားသာချက်

စွမ်းဆောင်ရည်ပိုင်းက အရည်အသွေးကောင်းမွန်ပြီး camera quality ကလည်းကောင်း မွန်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် လိုင်းဆွဲအားကောင်းမွန် သလို 4G network ကိုအထောက် အပံ့ပေးနိုင်ပါတယ်။

အားနည်းချက်

Screen အရောင်အသွေးကတော့ သိပ်မကောင်းလှပါဘူး။ ဒါ့အပြင် fingerprint sensor နေ ရာထားသိုမှုကလည်း အသုံးပြုတဲ့အခါမှာ သိပ်ပြီး အဆင်မပြေလှပါဘူး။

အသေးစိတ်ဖော်ပြချက်

Cortex-A72 CPU ကို အသုံးပြုထားပြီး RAM ပိုင်းအတွက်ကိုတော့ 4GB တပ်ဆင်ပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 64GB ပမာဏရှိတဲ့ storage ထည့်သွင်းပေးထားပါတယ်။ microSD card ထည့်သွင်း အသုံးပြုလိုသူတွေအတွက် microSD ထည့်သွင်း အသုံးပြုနိုင်အောင် အထောက်အပံ့ပေးထားပါတယ်။ Display အရွယ်အစားကတော့ ၁၀.၁ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 2560 x 3120 pixels ဖြစ်ပါတယ်။ ဒီ tablet မှာအသုံးပြုထားတဲ့ Operating System က Android 7.1.1 Nougat ဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ rear camera က 13 megapixels ရှိမှာဖြစ်ပြီး front camera က 12 megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကိုတော့ Lithium-Polymer အမျိုးအစားအသုံးပြုထားပြီး ဘက်ထရီ သိပ်သည်း ဆပမာဏကတော့ 8100mAh ခန့်ရှိမှာဖြစ်ပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««