Teclast F5

တန်ဖိုး – ကန်ဒေါ်လာ ၃၂၉.၉၉

အားသာချက်

VR အထောက်အပံ့ပါဝင်မှာဖြစ်ပြီး Tablet အနေနဲ့ရော laptop အနေနဲ့ပါ သုံးစွဲနိုင်တာက ဒီ tablet ရဲ့အားသာချက်တွေပါ။ ဒါ့အပြင် ကြော်ငြာတွေကိုလည်း တားဆီးနိုင်အောင် စီစဉ်ပေးထားပါတယ်။

အားနည်းချက်

ဘက်ထရီက ကြာရှည်မခံပါဘူး။ Application အကြီးတွေကို သုံးစွဲတဲ့အခါမှာလည်း စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာနိုင်ပါတယ်။ ကင်မရာပိုင်းကလည်း သိပ်မကောင်းပါဘူး။

အသေးစိတ်ဖော်ပြချက်

8th Generation Intel Gemini Lake N4100 processor ကို အသုံးပြုထားပြီး RAM ကတော့ 8GB ရှိမှာဖြစ်ပါတယ်။ Storage အတွက်ကတော့ 128GB ရှိတဲ့ SSD ကို အသုံးပြုပေးထားပါတယ်။ Display screen အရွယ်အစားကတော့ ၁၁.၆ လက်မခန့်ရှိမှာဖြစ်ပြီး display screen resolution က 1920 x 1080 ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Windows 10 ကို အသုံးပြုထားပါတယ်။ Convertible device ဖြစ်တဲ့အတွက် laptop လိုရော tablet လိုပါ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Camera ပိုင်းကတော့ rear camera ပါဝင်မှာမဟုတ်ပါဘူး။ Front camera ကတော့ 1 megapixel သာရှိမှာဖြစ်တဲ့အတွက် ပေးရတဲ့ဈေးနဲ့ယှဉ်ရင်တော့ သိပ်အဆင်မပြေပါဘူး။ ဘက်ထရီပိုင်းကတော့ Li-ion polymer ကို အသုံးပြုထားပြီး ဘက်ထရီ သိပ်သည်းဆကတော့ 3850mAh ခန့်သာ ရှိမှာဖြစ်ပါတယ်။

-သီဟ