Technopreneurship For Myanmar 4.0 ခေါင်းစဉ်ဖြင့်ဆွေးနွေပွဲပြုလုပ်ခဲ့ပြီး MYTDP 2020 အတွက် ပြိုင်ပွဲဝင်များထပ်မံဖိတ်ခေါ်ခဲ့

MPT နှင့် MCF တို့ပူးပေါင်းဆောင်ရွက်သော မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ (MYTDP 2020) မှ ကြီးမှူး၍ နည်းပညာ စွန့်ဦးတီထွင်မှု ဓလေ့ကို လူငယ်များအကြား တိုးမြှင့်ပေးရန်နှင့် အနာဂတ်မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်သူ လူငယ်များကို မွေးထုတ်ပေးရန် ရည်ရွယ်၍ “Technopreneurship For Myanmar 4.0” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၁ ရက် ၊ နေ့လယ် ၁း၃၀ နာရီ မှ ညနေ ၄ နာရီအထိ MICT Park မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားမှာ MYTDP 2020 အတွက်ပြိုင်ပွဲဝင်တွေကို ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။

အခမ်းအနားတွင် စွန့်ဦးတီထွင်ခြင်းမှတစ်ဆင့် အောင်မြင်မှုရရှိလာနိုင်ရန် မည်သို့စတင်လုပ်ဆောင်သင့်သည်၊ မည်သို့ပြင်ဆင်ပါက အောင်မြင်နိုင်မည် စသည်တို့ကို ပြည်တွင်းမှာ အောင်မြင်စွာဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ လူငယ် စွန့်ဦးတီထွင်သူတွေက Panel Discussion တွေနဲ့ ဆွေးနွေးပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် တတိယအကြိမ်မြောက်ကျင်းပမယ့် မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ (Myanmar Youth Technopreneurship Development Program 2020 ) အတွက် ပြိုင်ပွဲဝင်တွေကိုလည်း အဆိုပါအခမ်းအနားမှာထပ်မံဖိတ်ခေါ်ခဲ့ပြီး နောက်ဆုံးလျှောက်ထားနိုင်မယ့်ရက်နဲ့ ပေးအပ်မယ့် ဆုတွေအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ MYTDP 2020 မှာပါဝင်လိုသူတွေအနေနဲ့ လျှောက်လွှာတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ မှာ ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ https://www.mmtechnopreneurship.com တွင်လည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ MPT ရုံးများ (http://bit.ly/2OGsOhv) တွင်လည်းကောင်း လျှောက်ထားနိုင်မှာဖြစ်သလို အစီအစဉ် အသေးစိတ်ကို https://www.mmtechnopreneurship.com နဲ့ https://www.facebook.com/mmtechnopreneurship မှာ လေ့လာနိုင်မှာဖြစ်ပါတယ်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် အနိုင်ရရှိသူတွေကို ဆုအမျိုးအစား (၃) မျိုးခွဲ၍ ရွေးချယ်သွားမှာဖြစ်ပြီး ဆုအမျိုးအစားတွေက Accelerate Award( ငွေသားဖြင့် ချီးမြှင့်မည့် ဆုကြေး ကျပ် (၁၀၀) သိန်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်လက်အောက်ရှိ Kanaung Hub ၏ co-working space တွင် အလုပ်လုပ်ရန် နေရာ (၆) လ ၊ ကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မှု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခွင့်မီဒီယာများတွင် ပါဝင်ခြင်း၊Startup Award ငွေသားဖြင့် ချီးမြှင့်မည့်ဆုကြေး ကျပ် (၈၀) သိန်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်လက်အောက်ရှိ Kanaung Hub ၏ co-working space တွင် အလုပ်လုပ်ရန် နေရာ (၆) လ ကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မှု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဆိုင်ရာ လှုပ်ရှားမှုများတွင်ပါဝင်ခွင့်၊မီဒီယာများတွင်ပါဝင်ခြင်း၊Idea Award ငွေသားဖြင့် ချီးမြှင့်မည့် ဆုကြေးကျပ် (၃၀) သိန်း၊ Honorable Mention ငွေသားဖြင့်ချီးမြှင့်မည့် ဆုကြေး ကျပ် (၈) သိန်း တို့ကို အသီးသီး ပေးပ်သွားမှာဖြစ်ပါတယ်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့တာဖြစ်ပြီးယခုပြုလုပ်သည့် အစီစဉ်မျာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။