Technology Enabling The New Normal’ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

Technology Enabling The New Normal အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၉ ရက်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ လည်းကောင်း၊ ၃ နာရီခွဲမှ ၅ နာရီခွဲမှာ လည်းကောင်း Zoom နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တိုးတက်နေတဲ့နည်းပညာကို ကောင်းကောင်း အသုံးချပြီး အခုလို New normal ကာလမှာ အလုပ်တွေကို မြန်မြန်ဆန်ဆန် အကျိုးရှိရှိ လုပ်ဆောင်နိုင်ဖို့ အတွက် အဆိုပါ Workshop မှာ Zoom application, Google workspace (Gmail, Calendar, Meet, Chat, Drive, Docs, Sheets, Slides, Forms, Sites and more) အစရှိတာတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ မျှဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/2JJm17a မှာ စာရင်းပေးသွင်းနိုင်ပါတယ်။ Register ပြုလုပ်ပြီးပါက Workshop တက်ရောက်ရန် link ကို email မှ ပို့ပေးသွားမှာဖြစ်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««