Technology & Career Conference ပြုလုပ်မည်

[ Zawgyi ]




-အောင်သက်ကို

[ Unicode ]

အိုင်တီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်မယ့် လူငယ်တွေအတွက် Technology & Conference မှာ အလုပ်နေရာအတွက် မိမိစိတ်ကြိုက် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို Jobnet က ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သြဂုတ်လ ၁၂ ရက်၊ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ Sedona Hotel မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ နာမည်ကြီး ကုမ္ပဏီ ၁၀ ခုက လစ်လပ်အလုပ်နေရာအတွက် ခေါ်ယူမှာဖြစ်ပြီး Architects, Civil Engineer, Mechanical Engineer, IT Technician, Network Engineer, Programmer, Web Devoper ရာထူးတွေ ဖြစ်ကြောင်းသိရပါတယ်။

အလုပ်လျှောက်ထားသူတွေအနေနဲ့ အင်တာဗျူးကို တစ်ခါတည်းဖြေဆိုနိုင်မှာဖြစ် ကာ နည်းပညာဆိုင်ရာ ဟောပြောပွဲ အစီအစဉ်လည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ ပြပွဲကိုတက်ရောက် လိုသူတွေအနေနဲ့ မိမိရဲ့ကိုယ်ရေးအချက်အလက်(CV Form) ယူလာရန် လိုအပ်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ ဒီနေရာကနေ တစ်ဆင့် Register ပြုလုပ်ရမှာ ဖြစ်ပါတယ်။