
[ Zawgyi ]




-ကောင်းမြတ်ထွန်း

============

[ Unicode ]

Tech for Life ဟောပြောပွဲပြုလုပ်မည်

============

လူနေမှုဘဝအတွက် နည်းပညာ (Tech for Life) နည်းပညာဟောပြောပွဲ ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို မေလ ၂၆ ရက် မှာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ Phandeeyar မှာ ကျင်းပမှာဖြစ်ပါတယ်။ လူတွေကို အကျိုးပြုနိုင်တဲ့ တီထွင်ဆန်းသစ်မှုရှိတဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေနဲ့လည်း ထပ်ပြီးထွက်လာနေဖို့ အတွက် အဲဒီအခမ်းအနား ကို ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။

လူနေမှုဘဝမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို နည်းပညာအသုံးပြုပြီး ကူညီဖြေရှင်း ပေးနိုင်တဲ့ နည်းပညာနဲ့ ဝန်ဆောင်မှုလူပ်ငန်း လုပ်ကိုင်ဖို့ အကြံဉာဏ်ရှိသူ မည်သူမဆို တက်ရောက်နိုင်မှာဖြစ်ပြီး ပွဲမစခင် ပြုလုပ်မယ့် Ideation Bootcamp ကို ဒီနေရာမှာ resgister လုပ်ရင်း ပါဝင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

-ကောင်းမြတ်ထွန်း