[Zawgyi]
Tech for Company နာမည္နဲ႔ နည္းပညာေဆြးေႏြးပြဲတစ္ရပ္ျပဳလုပ္မွာျဖစ္ေၾကာင္း သိရပါတယ္။
မိမိတို႔ရဲ႕ လုပ္ငန္းတစ္ခုကို သမား႐ိုးက်နည္းလမ္းနဲ႔မဟုတ္ဘဲ နည္းပညာရဲ႕ အကူအညီ သုံးၿပီး လုပ္ကိုင္မွ ပိုမိုလြယ္ကူေအာင္ျမင္မွာျဖစ္တဲ႔အေၾကာင္းေဆြးေႏြးေ၀မွ် ပြဲအျဖစ္ ေမ ၁၉ ရက္မွာ Phandeeyar က်င္းပမွာျဖစ္ပါတယ္။ ေန႔စဥ္ လုပ္ငန္းခြင္မွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို ကူညီေျဖရွင္းေပးႏိုင္တဲ့ နည္းပညာနဲ႔ လုပ္ငန္းအႀကံဉာဏ္ရွိသူ မည္သူမဆို တက္ေရာက္ႏိုင္မယ္လို႔သိရပါတယ္။
အဲဒီအခမ္းအနားမွာ ေလ့က်င့္ေရးေတြနဲ႔ ဆုေၾကးေငြေတြကို ရရွိႏိုင္မယ့္ StartUp Challenge ကို ပါဝင္ဆင္ႏြဲၿပီး မိမိရဲ႕လုပ္ငန္းအႀကံဉာဏ္ေတြကို စီးပြားေရးတစ္ခုအေနနဲ႔ လက္ေတြ႕အေကာင္ အထည္ ေဖာ္ဖို႔ အခြင့္အလမ္းေတြကို ေဝမွ်ေပးသြားႏိုင္မွာျဖစ္ပါတယ္။
အခမ္းအနားနဲ႔ပတ္သက္ၿပီး အေသးစိတ္ကို ၀၉ ၂၆၀၀၇၂၄၆၃ မွာေမးျမန္းစံုစမ္းႏိုင္ မယ္လို႔သိရပါတယ္။
-ေကာင္းျမတ္ထြန္း
[Unicode]
Tech for Company နာမည်နဲ့ နည်းပညာဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
မိမိတို့ရဲ့ လုပ်ငန်းတစ်ခုကို သမားရိုးကျနည်းလမ်းနဲ့မဟုတ်ဘဲ နည်းပညာရဲ့ အကူအညီ သုံးပြီး လုပ်ကိုင်မှ ပိုမိုလွယ်ကူအောင်မြင်မှာဖြစ်တဲ့အကြောင်းဆွေးနွေးဝေမျှ ပွဲအဖြစ် မေ ၁၉ ရက်မှာ Phandeeyar ကျင်းပမှာဖြစ်ပါတယ်။ နေ့စဉ် လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့ နည်းပညာနဲ့ လုပ်ငန်းအကြံဉာဏ်ရှိသူ မည်သူမဆို တက်ရောက်နိုင်မယ်လို့သိရပါတယ်။
အဲဒီအခမ်းအနားမှာ လေ့ကျင့်ရေးတွေနဲ့ ဆုကြေးငွေတွေကို ရရှိနိုင်မယ့် StartUp Challenge ကို ပါဝင်ဆင်နွဲပြီး မိမိရဲ့လုပ်ငန်းအကြံဉာဏ်တွေကို စီးပွားရေးတစ်ခုအနေနဲ့ လက်တွေ့အကောင် အထည် ဖော်ဖို့ အခွင့်အလမ်းတွေကို ဝေမျှပေးသွားနိုင်မှာဖြစ်ပါတယ်။
အခမ်းအနားနဲ့ပတ်သက်ပြီး အသေးစိတ်ကို ၀၉ ၂၆၀၀၇၂၄၆၃ မှာမေးမြန်းစုံစမ်းနိုင် မယ်လို့သိရပါတယ်။
-ကောင်းမြတ်ထွန်း