Teams app အတွက် လုပ်ဆောင်ချက်အသစ်တွေကို Microsoft ထည့်သွင်း

Microsoft 365 Personal နဲ့ မိသားစုလစဉ်ကြေး အစီအစဉ်အဖြစ် Teams မိုဘိုင်း app အတွက် သုံးစွဲသူအသားပေး လုပ်ဆောင်ချက်တွေ ထည့်သွင်းမယ်လို့ မတ်လအတွင်းက ကြေညာခဲ့ပါတယ်။ ဇွန် ၂၂ ရက်မှာတော့ Microsoft က သုံးစွဲသူအသားပေး Teams လုပ်ဆောင်ချက်ကို အကြိုမိတ်ဆက် လိုက်ပါတယ်။

Microsoft ဟာ Teams app အတွက် သုံးစွဲသူ အသားပေးလုပ်ဆောင်ချက် တွေ ထည့်သွင်းပါမယ်။ အခု feature သစ်တွေရဲ့ ရည်မှန်းချက်ကတော့ သီးခြား tool အဖြစ် မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့အစည်းအတွက် တစ်ဦးချင်း၊ အဖွဲ့လိုက်နဲ့ မိသားစုလိုက် စုပေါင်းဝန်ဆောင်မှုအဖြစ် ဝန်ဆောင်မှုပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။

သုံးစွဲသူတွေက iOS ဒါမှမဟုတ် Android အတွက် Teams မိုဘိုင်း app ကလုပ်ဆောင်ချက်အသစ်ကို စမ်းသပ်နိုင်ပါတယ်။ Team လုပ်ငန်းသုံး account ရှိသူတွေက တစ်ကိုယ်ရေသုံး Microsoft account ကို ထည့်သွင်းလိုက်ပြီး အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Teams account မရှိသူတွေက Teams ကိုရယူပြီး Microsoft account (MSA) မှာ sign up လုပ်နိုင်ပါတယ်။

Teams သုံးစွဲသူ feature သစ်တွေကတော့ chat/messaging နဲ့ video calling လုပ်တာ ဖြစ်ပြီး group တွေထဲမှာ စာရင်းတွေ၊ စာရွက်စာတမ်းတွေနဲ့ calendar တွေဝေမျှနိုင်ပါတယ်။ Teams app ထဲမှာ Word, Excel နဲ့ PowerPoint တွေကို ဖန်တီးပြီး ပူးပေါင်း၊ ဝေမျှသုံးလို့ ရပါတယ်။ တည်နေရာကိုလည်း ဝေမျှလို့ရတယ်။ Teams Safe ကိုအသုံးပြုပြီး passwords, rewards နံပါတ်နဲ့ login အချက်အလက် တွေလည်း သိမ်းလို့ရပါတယ်။ Safe ကတော့ OneDrive Personal Vault နဲ့မတူပါဘူး။ Teams မိုဘိုင်း app ကတစ်ဆင့်ပဲ အသုံးပြုနိုင်ပြီး ဖိုင်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ သိမ်းလို့မရပါဘူး။

စိုးထက်
Ref: ZDNet