Teaching Young Learners Online ခေါင်းစဉ်ဖြင့် အွန်လိုင်းသင်တန်းကို အခမဲ့ဖွင့်လှစ်မည်

ဗြိတိသျှကောင်စီမှ Teaching Young Learners Online ခေါင်းစဉ်နဲ့ အခမဲ့ အွန်လိုင်းသင်တန်းကို တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

ဗြိတိသျှကောင်စီမှပို့ချမယ့် Teaching Young Learners Online သင်တန်းမှာ အွန်လိုင်းသင်ကြားမှုကို သီအိုရီအပိုင်းရော၊ လက်တွေ့အပိုင်းပါ လေ့လာနိုင်မယ့်အပြင် အွန်လိုင်းသင်ခန်းစာတွေနဲ့ အကဲဖြတ်မှုတွေစီစဉ်ပုံ၊ online safety အကြောင်းနဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နည်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ http://bit.ly/tylo-0920 မှာ စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။အခမဲ့ အွန်လိုင်းသင်တန်းကို ဗြိတိသျှကောင်စီမြန်မာမှ စီစဉ်ခြင်းမဟုတ်တဲ့အတွက် သင်တန်းနဲ့ပတ်သက်တဲ့ အမေးများတဲ့မေးခွန်းများကို https://about.futurelearn.com/about/faq မှာ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««