Taylor College မှ ပညာသင်ဆု သြစတြေးလျဒေါ်လာ (၁၀၀၀၀) ပေးအပ်မည်

The University of Western Australia မှာ တက်ရောက်လိုသူတွေအတွက် Taylor College ရဲ့ WA Foundation (သို့) Diploma program တွေကို ပညာသင်ဆု သြစတြေးလျဒေါ်လာ (၁၀၀၀၀) ပေးအပ်သွားမယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံရဲ့ Group of Eight စာရင်းဝင် သုတေသနတက္ကသိုလ်ဖြစ်တဲ့ The University of Western Australia သို့တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူတွေအတွက် Taylor College မှတစ်ဆင့် Foundation တက်ရောက်ပြီး UWA သို့တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ UWA သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် အဆင့် ၈၆ နေရာတွင်ရပ်တည်နေသော တက္ကသိုလ်ဖြစ်ပြီး သြစတြေးလျနိုင်ငံရဲ့ စတုတ္ထအကြီးဆုံး မြို့တော်ဖြစ်တဲ့ Perth မှာတည်ရှိကာ UWA မှဘွဲ့ရရှိသူတွေဟာ မြင့်မားတဲ့လစာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများ၊ IGCSE ဖြေဆို အောင်မြင်ထားသူများ Foundation Program ကို လျှောက်ထားတက်ရောက်နိုင်ပြီး ၂၀၂၀ ကျောင်းဖွင့်ချိန်များအတွက်ကျောင်းဝင်ခွင့် နှင့် ပညာသင်ဆု လျှောက်ထားရနေ AT&S (နိုင်ငံတကာတက္ကသိုလ် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ) အဆောင်(၅)၊ အခန်း(၄) ၊မြန်မာအင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း – ၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၇၇၇၂၂၃၂၂၅ သို့ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ