Online Meeting ,Video Conferencing အပြင် Online ပေါ်ကနေ စာသင်တဲ့အခါတွေမှာ အသုံးဝင်တဲ့ Viewsonic VB-CAM-001 Ultra Wide WebCa၀င ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး 1080p resolution နဲ့အတူ 120° wide-angle field of view မြင်ကွင်းကျယ်မျိုး ရရှိစေမှာ ဖြစ်ပါတယ်။ Built-in microphone တစ်ပါတည်း ပါဝင်ပြီး ပတ်ဝန်းကျင်ရဲ့ မလိုလားအပ်တဲ့ ဆူညံသံတွေကို ပယ်ဖျောက်ပေးတဲ့ noise reduction စနစ် ထောက်ပံ့ပေးထားပါတယ်။ USB 2.0 ကနေ အလွယ်တကူ တပ်ဆင် အသုံးပြုရမှာ ဖြစ်ပြီး Windows/Mac/Android/Chrome OS စတာတွေနဲ့လည်း အဆင်ပြေပြေ ချိတ်ဆက်တပ်ဆင်နိုင်ပါတယ်။ ZOOM, Microsoft Teams, Skype, […]
Read Moreဇူလိုင်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက အထက်တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်မယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်သော လုံခြုံဘေးကင်း၍ အရည်အသွေးကောင်းမွန်သည့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်ရာတွင် တွေ့ကြုံရမည့် လိုအပ်ချက်၊အားနည်းချက်များကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်းများ တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာ ရမည့်အချက်များဖြစ်သည့် ကျောင်းသို့မလာမီနှင့် လာရောက်စဉ် မိဘနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းသို့ရောက်ရှိပြီး စာသင်ကြားချိန်တွင် ဆရာ၊ […]
Read MoreJBL ရဲ့ luxury ဆန်ဆန် တပ်ဆင်အသုံးပြုနိုင်တဲ့ Wireless Headphone မော်ဒယ်သစ် ပြည်တွင်း စျေးကွက်ထဲ ၀င်ရောက်လာပါတယ်။ Driver size -32mm ရှိပြီး Ear cushion material ကို ရေရှည်တပ်ဆင် အသုံးပြုသော်လည်း သက်သောင့်သက်သာ တပ်ဆင်နိုင်ဖို့ Frog skin PU leather နဲ့ ပြုလုပ်ထားပါတယ်။ Headphone cable အရှည်က 120cm ရှိပြီး အလေးချိန်က 173g သာလေးလို့ ပေါ့ပေါ့ပါးပါးနဲ့ တပ်ဆင် အသုံးပြုနိုင်မှာပါ။ သီချင်းနားထောင်ရုံသာမက Hands Free Call အနေနဲ့လည်း စွမ်းဆောင်နိုင်ပါတယ်။ ကားပေါ်မှာ ရထားပေါ်မှာ လေယာဉ်ပေါ်မှာ ပတ်ဝန်းကျင်မှာ ဆူညံနေလို့ သီချင်းကောင်းကောင်း နားထောင်လို့ မရဘူးဆိုရင်တော့ Noise-Cancelling […]
Read More(၁) ဖုန်းမှာ wide, fish eye နဲ့ macro ရိုက်ချက်တွေ ရိုက်ကူးနိုင်မယ့် three-in-one lens ဖြစ်ပါတယ်။ သမားရိုးကျ ဖုန်းကင်မရာကို ပျင်းရိငြီးငွေ့နေသူအတွက် အခုထုတ်ကုန်က အသုံးဝင်လာပါမယ်။ အခု gadget မှာ မှန်ဘီလူး ၃ ခုပါဝင်ပြီး ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးနိုင်ပါတယ်။ (၂) အခုဖုန်း tripod ကိုအသုံးပြုပြီး influncer တွေက ဗီဒီယိုတွေ ဖန်တီးနိုင်ပါတယ်။ လက်ကိုင် tripod ဟာ ဗီဒီယိုဘလော့လုပ်တာ၊ ဓာတ်ပုံရိုက်ကူးတာ၊ ဗီဒီယိုရိုက်ကူးတာတွေ ဖန်တီးနိုင်ပါတယ်။ အခု tripod မှာBluetooth remote ပါဝင်လာပါတယ်။ (၃) UE Boom Speaker ဟာ အသံအား အလွန်ပြင်းထန်တယ်။ ဖုန်းနဲ့ စိတ်ကြိုက်သီချင်းတွေဖွင့်မယ်ဆိုရင် စပီကာလိုအပ်လာပါတယ်။ […]
Read More၂၀၂၀ ပညာသင်နှစ် အတွက် Raffles International College မှာတက်ရောက် ပညာသင်လိုသူတွေအနေနဲ့ ၅၀% အထိပေးအပ်မယ့် Creative Talent Scholarships ပညာသင်ဆုကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထားလိုသူတွေကို မတ်လ ၇ ရက်၊ နံနက် ၁၀ နာရီခွဲမှ ၃ နာရီခွဲ အထိ AT&S (Overseas Education Services) အဆောင်-၅၊ အခန်း-၄၊ MICT Park၊ လှိုင်မြို့နယ်မှာ Raffles မှတာဝန်ရှိသူကိုယ်တိုင် တစ်ဦးချင်း အသေးစိတ် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ Fashion Design၊ Graphic Design၊ Interior Design၊ Jewellery Design၊ Product Design၊ Games Design၊ Animation Design၊International Fashion Business၊ […]
Read MoreSharp ဟာ ဂျပန်နိုင်ငံမှာ ရောင်းချမယ့် R5G ဖုန်းကိုမိတ်ဆက်လိုက်ပါတယ်။ Sharp ရဲ့ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ပြီး notch နှစ်ခု ပါဝင်လာပါတယ်။ မျက်နှာပြင် ၆.၅ လက်မ QHD+ အရည်အသွေးရှိပါတယ်။ ဖုန်းရဲ့ ရှေ့ဘက်မှာ 16MP selfie ကင်မရာနဲ့ fingerprint scanner ကိုထည့်သွင်းထားပါတယ်။ Sharp Aquos R5G မှာ IPS panel နဲ့ 120Hz refresh rate နဲ့ စတူရီယိုစပီကာတွေ ထည့်သွင်းထားပါတယ်။ ဖုန်းကျောဘက်မှာ ကင်မရာ ၄ လုံးပါဝင်ပြီး OIS နဲ့အတူ 12MP, OIS နဲ့အတူ 12MP telephoto, 48MP ultrawide နဲ့ ToF […]
Read MoreLG ဟာ MWC ပွဲမှာ ထုတ်ဖော်ပြသဖို့ စီစဉ်ထားတဲ့ ဖုန်းတွေကို ဆက်လက်မိတ်ဆက်နေပါတယ်။ ဒီနေ့မှာလည်း ဈေးသက်သာတဲ့ LG W10 Alpha ဖုန်းကို ပြသလိုက်ပါတယ်။ ဒေါ်လာ ၁၄၀ တန်ဖိုးရှိ LG W10 Alpha မှာ Android 9.0 Pie အသုံးပြုထားပါတယ်။ ဖုန်းမှာ Unisoc SC9863A chipset ထောက်ပံ့ထားပြီး RAM 3GB နဲ့ storage 32GB နဲ့တွဲဖက်ထားကာ 128GB အထိ တိုးချဲ့နိုင်မယ့် microSD ကတ်ပေါက် ပါဝင်လာပါတယ်။ LG W10 Alpha မျက်နှာပြင်အရွယ်အစားက ၅.၇၁ လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 720p+ (19:9 aspect ratio) ဖြစ်ပါတယ်။ […]
Read MoreSamsung ဟာ ဒီလအတွင်း ခေါက်စမတ်ဖုန်းသစ် တစ်မျိုးကို မိတ်ဆက်ဖို့ရှိပါတယ်။ အခုဆိုရင် အွန်လိုင်းမှာ Galaxy Z Flip ရဲ့ပထမဆုံး hands-on ဗီဒီယို ထွက်ပေါ်လာပါတယ်။ ဗီဒီယိုကို Ben Gesking ဆိုသူက Twitter ကတစ်ဆင့် တင်ခဲ့ပြီး ဖုန်းကို ပြသထားပါတယ်။ Galaxy Z Flip ဖုန်းမှာ “ultra-thin glass” ပုံစံတစ်မျိုးကို အသုံးပြုထားဖွယ်ရှိပါတယ်။ ဖုန်းပုံစံက အလွယ်တကူ အိတ်ကပ် ဒါမှမဟုတ် လက်ကိုင်အိတ်ထဲ ထည့်သွင်းထားနိုင်ပါတယ်။ Motorola ရဲ့အသစ်ထွက်ရှိမယ့် Razr နဲ့လည်း ဆင်ပါတယ်။ Galaxy Z Flip ကို ဖေဖော်ဝါရီ ၁၁ ရက်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်မယ့် Samsung ရဲ့Unpacked ပွဲအတွင်း […]
Read Moreအခုစာရင်းမှာ ဖော်ပြထားတဲ့ ဓာတ်ပြားဖွင့်စက်တွေကို ဒီဂျေတွေ၊ အသံသွင်း ဓာတ်ပြားစတိုး ပိုင်ဆိုင်တွေနဲ့ ဓာတ်ပြားစုဆောင်းရသူ အပါအဝင် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီး The Strategist က ရွေးချယ်ထားတာ ဖြစ်ပါတယ်။ အကောင်းဆုံး ဓာတ်ပြားဖွင့်စက် (၁) Audio-Technica AT-LP 120X Audio-Technica AT-LP 120X ထုတ်ကုန်ရဲ့ အဓိက feature ကတော့ သံလိုက်နဲ့ထောက်ပံ့ထားတဲ့ direct drive ပါဝင်လာပါတယ်။ အဲဒီ direct drive ကို ပရော်ဖက်ရှင်နယ် ဓာတ်ပြားဖွင့်စက်တွေမှာ တွေ့ရတတ်ပါတယ်။ အခု feature ကတော့ မော်တာနဲ့ထောက်ပံ့ထားတဲ့ အစားထိုးနိုင်တဲ့ စက်ခါးပတ်ကြိုး belt drive နဲ့မတူပါဘူး။ Direct drive ကိုထိန်းသိမ်းမှု ပြုလုပ်ရခဲပါတယ်။ Direct drive […]
Read Moreကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေကို ကမ္ဘာတစ်ဝန်း ခံစားနေရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ယာဉ်မောင်းတွေက ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့ ထိတွေ့မှုရှိနိုင်တာကြောင့် Uber က အခြေအနေတစ်ခု ဖန်တီးပေးလိုက်ပါတယ်။ Uber အနေနဲ့ မက္ကဆီကိုမြို့တော်အတွင်း ယာဉ်မောင်းတွေနဲ့ ခရီးသွားလာခဲ့တဲ့ account ၂၄၀ ကို ပိတ်ပင်လိုက်ပါတယ်။ Uber အနေနဲ့ twitter မှာထုတ်ပြန်ချက်ကြေညာခဲ့ကာ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သုံးစွဲသူတွေကို အသိပေးခဲ့ပါတယ်။ မက္ကဆီကိုမြို့တော်ရဲ့ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိတဲ့ ယာဉ်မောင်းတစ်ဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို Uber ကလက်ခံရရှိခဲ့ပါတယ်။ Uber အနေနဲ့ ရောဂါရှိသူနဲ့ ဆက်သွယ်ခဲ့တဲ့ ယာဉ်မောင်း ၂ ဦးရဲ့ သတင်းအချက်အလက်ကို ကျန်းမာရေးဌာနကို ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် Uber ကယာဉ်မောင်း ၂ ဦးနဲ့ ခရီးသွားလာခဲ့တဲ့ […]
Read More