Education

ဇူလိုင်လအတွင်း အခြေခံပညာကျောင်းများပြန်ဖွင့်ပါက အထက်တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်မည်

ဇူလိုင်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက အထက်တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်မယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်သော လုံခြုံဘေးကင်း၍ အရည်အသွေးကောင်းမွန်သည့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်ရာတွင် တွေ့ကြုံရမည့် လိုအပ်ချက်၊အားနည်းချက်များကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်းများ တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာ ရမည့်အချက်များဖြစ်သည့် ကျောင်းသို့မလာမီနှင့် လာရောက်စဉ် မိဘနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းသို့ရောက်ရှိပြီး စာသင်ကြားချိန်တွင် ဆရာ၊ […]

Read More

ဒီဇိုင်းနှင့်စီးပွားရေးဘာသာရပ်တက်ရောက်လိုသူများ Raffles International College ၏ Creative Talent Scholarships ကို ၅၀ ရာခိုင်နှုန်းအထိ လျှောက်ထားနိုင်

၂၀၂၀ ပညာသင်နှစ် အတွက် Raffles International College မှာတက်ရောက် ပညာသင်လိုသူတွေအနေနဲ့ ၅၀% အထိပေးအပ်မယ့် Creative Talent Scholarships ပညာသင်ဆုကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထားလိုသူတွေကို မတ်လ ၇ ရက်၊ နံနက် ၁၀ နာရီခွဲမှ ၃ နာရီခွဲ အထိ AT&S (Overseas Education Services) အဆောင်-၅၊ အခန်း-၄၊ MICT Park၊ လှိုင်မြို့နယ်မှာ Raffles မှတာဝန်ရှိသူကိုယ်တိုင် တစ်ဦးချင်း အသေးစိတ် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ Fashion Design၊ Graphic Design၊ Interior Design၊ Jewellery Design၊ Product Design၊ Games Design၊ Animation Design၊International Fashion Business၊ […]

Read More