Tablet အဖြစ်လည်း အသုံးပြုနိုင်မယ့် Lenovo Yoga 9i

Lenovo ဟာ Yoga 9 စီးရီး laptop တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထဲမှာ tablet အဖြစ်လည်း အသွင်ပြောင်းနိုင်မယ့် Yoga 9i ၁၄ လက်မနဲ့ ၁၅ လက်မ ထုတ်ကုန်ကို မိတ်ဆက်ခဲ့ပါတယ်။ Yoga Slim 9i မျက်နှာပြင်ကို ၁၄ လက်မအရွယ် convertible မဟုတ်တဲ့ မော်ဒယ်လည်း ထုတ်လုပ်ထားပါတယ်။ Yoga 9i ဟာ မနှစ်က ထွက်ရှိခဲ့တဲ့ Yoga C940 နေရာဝင်လာပါမယ်။

Slim မော်ဒယ်ကတော့ Lenovo ရဲ့အပါးလွှာ၊ အပေါ့ပါးဆုံး laptop တွေဖြစ်ပါတယ်။ အထူက ၀.၅၄ လက်မ ရှိပြီး အလေးချိန်ကတော့ ၂.၇၇ ပေါင်ပဲရှိပါတယ်။ ၁၄ လက်မ Yoga ကတော့ ကတော့ ၃.၀၂ ပေါင်ရှိပါတယ်။ ကိုယ်ထည်ကတော့ အလူမီနီယမ်နဲ့ လုပ်ထားပြီး အလွန်အကြမ်းခံပါတယ်။

Yoga Slim 9i ရဲ့အဖုံးကတော့ သားရေနဲ့ ဖန်တီးထားပါတယ်။

ပုံမှန် ၁၄ လက်မ Yoga 9i နဲ့ IdeaPad Slim 9i မှာတော့ Intel ရဲ့အသစ်ထွက်ရှိမယ့် Tiger Lake ပရိုဆက်ဆာနဲ့ Thunderbolt 4 တို့ပါဝင်လာပါမယ်။ Thunderbolt 4 ရဲ့မြန်နှုန်းကတော့ အလွန်မြင့်မားမယ်လို့ Lenovo က ပြောထားပါတယ်။

၁၅ လက်မ Yoga 9i ကတော့ အလေးချိန် ၄.၄ ပေါင်ရှိပြီး နည်းနည်းကြီးပါတယ်။ Laptop မှာ ဒဿမမြောက်မျိုးဆက် Core i9 HD စီးရီးပါဝင်ပြီး Thunderbolt port ၃ ခုနဲ့ Nvidia ရဲ့ GTX 1650 Ti နဲ့အတူ Max-Q ဒီဇိုင်း GPU ပါဝင်လာပါတယ်။ C940 လိုပဲ Yoga 9i မော်ဒယ်တွေရဲ့ ပတ္တာထဲမှာ လှည့်နိုင်တဲ့ စပီကာတွေပါဝင်လာပါတယ်။ ဒါကြောင့် အသံပိုင်းဆိုင်ရာက အခြား laptop တွေထက် သာလွန်ပါတယ်။ Laptop တွေမှာ stylus တစ်ခုစီ ပါဝင်လာပါတယ်။

Yoga Slim 9i မှာ ကိုယ်ပိုင် feature နှစ်ခုလောက် ပါဝင်လာပါတယ်။ Smart Sense Keyboard အမည်ရတဲ့ keyboard ကတော့ ပတ်ဝန်းကျင်အလင်းရောင်ပေါ် မူတည်ပြီး နောက်ခံမီးကို ချိန်ညှိပေးပါတယ်။ ဒါ့အပြင် webcam ကိုပိတ်နိုင်တဲ့ သီးသန့်ခလုတ် ပါဝင်လာပါတယ်။

Yoga မော်ဒယ်တွေကို အောက်တိုဘာလမှာ စတင်ရောင်းချပါမယ်။ ၁၄ လက်မ မော်ဒယ် သတ္တုဗားရှင်းကိုတော့ ဒေါ်လာ ၁,၃၉၉ နဲ့ စတင်ရောင်းချမှာ ဖြစ်ပြီး သားရေဗားရှင်းကိုတော့ ဒေါ်လာ ၁,၆၉၉ နဲ့ရောင်းချပါမယ်။ ၁၅ လက်မ laptop ကတော့ ဒေါ်လာ ၁,၇၉၉ နဲ့ စတင်ရောင်းချပါမယ်။ Slim ကတော့ ဒေါ်လာ ၁,၅၉၉ ကျသင့်ပါမယ်။

စိုးထက်
Ref: TheVerge