T96D Smart TV Box

အင်တာနက်ရှိရုံနဲ့ ရိုးရိုး TV ကို Smart TV အဖြစ်ပြောင်းပြီး နိုင်ငံတကာက channel တွေအပြင် ဖုန်းနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး ဖုန်းအတွင်းမှ video တွေကို TV မှာ ကြည့်နိုင်မယ့် T96D Smart TV Box ဖြစ်ပါတယ်။ အင်တာနက်မရှိတဲ့အခါမှာ USB stick နဲ့ Movie တွေကြည့်တာ၊ ဖုန်းကနေ Screen mirroring အသုံးပြုပြီး TV ဖန်သားပြင်ပေါ်မှာ ဇာတ်ကားကြည့်တာတွေပြုလုပ်နိုင်ပါတယ်။ Quad-core CPU အသုံးပြုထားပြီး CPU Speed က up to 1.5Ghz အထိရရှိနိုင်ပါတယ်။ Graphic အတွက် ARM Cortex A53 ထောက်ပံ့ပေးထားပါတယ်။ RAM ကို DDR3 စနစ်နဲ့ 1GB ထောက်ပံ့ပေးထားပြီး ROM ကိုတော့ eMMC စနစ်နဲ့ 8GB ထောက်ပံ့ပေးထားပါတယ်။ လိုအပ်ရင် 32GB အထိ ထပ်တိုးနိုင်ပါတယ်။ Android OS 9.0 Version နဲ့ဖြစ်ပြီး ရုပ်ထွက်ကို 4k @ 30fps အထိ ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 92x92x17mm ဖြစ်ပါတယ်။

တန်ဖိုးက ၄၀,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း – ၀၉ ၄၂၂၂၉၄၈၈၄၊၃၄၆၀၃၈၈၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ