T11 Microlab Multimedia Bluetooth Gaming Speaker

Multimedia Bluetooth Gaming Speaker အမျိုးအစား ဖြစ်ပါတယ်။ ပြည့်စုံတဲ့ အသံနည်းပညာတွေကြောင့် အသံလှိုင်းတိုင်း၊ တုန်ခါမှုတိုင်းက ကောင်းမွန်နေမှာဖြစ်ပါတယ်။ အသံလှိုင်းနဲ့အတူ တောက်ပတဲ့ အလင်းရောင်စနစ်တွေ ထောက်ပံ့ပေးထားပါတယ်။ TF card နဲ့ USB playback စနစ်တွေပါဝင်တာကြောင့် သီချင်းတွေကို ချိတ်ဆက် နားဆင်နိုင်မှာဖြစ်ပါတယ်။

Gaming Speaker ဖြစ်တဲ့အတွက် ဂိမ်းကစားသူတွေ အကြိုက်တွေ့စေမယ့် Speaker ဖြစ်ပါတယ်။ ကြိုးမဲ့ ချိတ်ဆက်မှုအတွက် B.T 5.0 ထောက်ပံ့ပေးထားသလို RCA, SD card, USB စတာတွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့ရော ကြိုးနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Output power က 42Watt RMS ထွက်ရှိမှာ ဖြစ်ပြီး Power Distribution က 8W x 2 +26W RMS ဖြစ်ပါတယ်။ Frequency response အနေနဲ့က 50Hz-20kHz အထိ ရရှိစေတဲ့အတွက် အသံအသေးစိတ်ကို သိရှိခံစားနိုင်မှာဖြစ်ပါတယ်။ 3″ Tweeter , 1.5″ Midrange နဲ့ 5.25″ Woofer အရွယ်အစားရှိ Speaker တွေ ထောက်ပံ့ပေးထားပါတယ်။

ဝယ်ယူတဲ့အခါမှာ 1 x Subwoofer, 2 x Satellites, 1 x 3.5 – 2RCA cable, 1 x User manual စတာတွေပါဝင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၁၀၂,၀၀၀ ကျပ်ဖြစ်ပြီး Microlab Myanmar ဖုန်း – ၀၉ ၂၅၈ ၈၁၈၈၈၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။