Switch ဂိမ်းစက်အတွက် DIY cardboard တွဲဖက်ပစ္စည်းများကို Nintendo မိတ်ဆက်

Nintendo ဟာ Switch ဂိမ်းစက်အတွက် Labo လို့အမည်ရတဲ့ DIY cardboard တွဲဖက်ပစ္စည်းများစွာကို မိတ်ဆက်ခဲ့ပါတယ်။

Labo ထုတ်ကုန်ကိုမိတ်ဆက်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ အဲဒီ cardboard တွေက Switch ရဲ့ Joy-Con ဂိမ်းခလုတ်တွေကို စန္ဒရား၊ ငါးမျှားတံ၊ မော်တော်ဆိုင်ကယ် ဒါမှမဟုတ် စက်ရုပ်ဝတ်စုံအဖြစ် ပြောင်းလဲပေးနိုင်ပြီး ဂိမ်းတွေကစားနိုင်ပုံကို ပြသထားပါတယ်။

ဒီ cardboard တွေကို အမေရိကန်နိုင်ငံမှာ ကနဦးဈေးနှုန်း ဒေါ်လာ ၇၀ နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ အိမ်လုပ်ဂိမ်း ခလုတ်တွေနဲ့ ကစားနိုင်ဖို့အပြင် ဂိမ်းစက်ထည့်ဖို့ နေရာလွတ်တစ်ခုလည်း ပါဝင်လာပြီး ဖန်တီးထားတဲ့ cardboard ကို စိတ်ကြိုက်ပြင်ဆင်ဖို့ စတစ်ကာအမျိုးမျိုးလည်း ပါရှိပါတယ်။

Labo platform မှာ make, play, discover ဆိုတဲ့ အဓိက လက္ခဏာသုံးရပ်ရှိတယ်လို့ Nintendo က ထုတ်ပြန်ခဲ့ပါတယ်။ Labo ရဲ့ cardboard ထုတ်ကုန်များစွာထဲမှာ ကြိုးနဲ့ ပလတ်စတစ်လိုမျိုး တွဲဖက်ပစ္စည်းတွေ ပါဝင်တဲ့အရာတွေရှိသလို Nintendo Switch ထည့်သွင်းနိုင်တဲ့ kit ပုံစံ ထုတ်ကုန်လည်း ရှိပါတယ်။ Switch ဂိမ်းစက်ကို cartridge မှာထည့်ပြီး မတူညီတဲ့ တွဲဖက်ပစ္စည်း တစ်ခုချင်းစီအတွက် အဆင့်အလိုက် တည်ဆောက်ဖို့ ညွှန်ကြားချက်တွေကို tablet မျက်နှာပြင်က ပြသပေးသွားမှာ ဖြစ်ပါတယ်။ Switch ရဲ့ Joy-Con ဂိမ်းခလုတ်တွေနဲ့ ကစားရတဲ့ အစိတ်အပိုင်းတွေကို Nintendo က Toy-Con လို့ခေါ်ပါတယ်။ မိဘတွေက ကလေးငယ်တွေနဲ့ အတူကစားနိုင်တဲ့ ထုတ်ကုန်တစ်မျိုးလည်း ဖြစ်ပြီး တစ်ယောက်က ညွှန်ကြားချက်တွေကို ဖတ်ရှုနေချိန်မှာ အခြားတစ်ယောက်က cardboard ကို တည်ဆောက်နိုင်ပါတယ်။

Labo တွဲဖက်ပစ္စည်းတွေထဲမှာ အထူးခြားဆုံးက ကီး ၁၃ ခုပါဝင်တဲ့ cardboard စန္ဒရား ဖြစ်ပါတယ်။ အဲဒီစန္ဒရားဟာ တည်ဆောက် ဖန်တီးတဲ့အခါမှာ အနည်းငယ်ရှုပ်ထွေးပါတယ်။ စန္ဒရားရဲ့ အသံအနိမ့်အမြင့်ကို ပြောင်းလဲနိုင်တဲ့ ကီးတွေနဲ့ slider တစ်ခုပါဝင်ပါတယ်။ သုံးစွဲသူက Joy-Con ကို စန္ဒရားနောက်ဘက်အတွင်းက အပေါက်မှာ ထည့်သွင်းရပါမယ်။ Switch ရဲ့မျက်နှာပြင်မှာ တူညီတဲ့ ကီးအားလုံးကို မြင်တွေ့နိုင်ပြီး cardboard စန္ဒရားခလုတ်ကို နှိပ်တာနဲ့ Switch က ခလုတ်တွေနဲ့ ပေါင်းစပ်အလုပ်လုပ်ပြီး အသံထွက်လာမှာ ဖြစ်ပါတယ်။ ငါးမျှားတံလည်း အလားတူအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်မှာ slider နဲ့သီးခြားဖြစ်တဲ့ cardboard ဘုတွေ ပါဝင်လာသလို အသံကိုလည်း ပြောင်းလဲနိုင်ပါတယ်။

စိုးထက်
Ref: BBC/TheVerge