
Sweet Home 3D ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် အိမ်ဒီဇိုင်း ရေးဆွဲတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Sweet Home 3D ကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
Ubuntu OS မှာ Sweet Home 3D ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြု လုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။
Sweet Home 3D ကို Ubuntu မှာ ထည့်သွင်းအသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo apt install flatpak
flatpak remote-add –if-not-exists flathub https://flathub.org/repo/flathub.flatpakrepo
flatpak install flathub com.sweethome3d.Sweethome3d
flatpak update com.sweethome3d.Sweethome3d
ဆိုတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ အသုံးမပြုလိုတော့ဘူးဆိုရင်-
flatpak uninstall com.sweethome3d.Sweethome3d
ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
-သီဟ