SVC ECO Plus (8800mAh) UPS Power Bank

Online ကနေ စာသင်နေရင်းဖြစ်ဖြစ် Wi-Fi နဲ့ ဂိမ်းဆော့နေတုန်းဖြစ်ဖြစ် မီးပျက်သွားတဲ့အချိန်တွေမှာ Router တွေကို ဆက်လက်အသုံးပြုနိုင်အောင် အကူအညီပေးမယ့် SVC ECO Plus (8800mAh) UPS Power Bank ပြည်တွင်းစျေးကွက်ထဲ ဝင်ရောက်လာပါတယ်။ Router များသာမက လုံခြုံရေးအရ တပ်ဆင်ထားတဲ့ IP Camera တွေမှာပါ တပ်ဆင် အသုံးပြုလို့ရမှာပါ။

အသုံးပြုပုံကတော့ မိမိတပ်ဆင်ထားတဲ့ Wi-Fi Router နဲ့ SVC UPS ကို 12V adapter လေးနဲ့ ချိတ်ဆက် အသုံးပြုရုံပါပဲ။ မီးပျက်သွားရင် SVC Mini UPS နဲ့ ချိတ်ဆက်ထားတဲ့ device တွေကို Power(DC) ထုတ်ပေးနိုင်ပါတယ်။

ဒါ့အပြင် Mini UPS အနေနဲ့ရော Power Supply အနေနဲ့ပါ အသုံးပြုလို့ရပါတယ်။ မီးလာနေရင် Router အတွက် အားပေးနေရင်း မီးပျက်သွားရင် အော်တို ဘက်ထရီကိုတန်းပြီးတော့ ချိန်းပေးတာကြောင့် အင်တာနက်လိုင်း ပြတ်တောက်သွားနိုင်မှာ မဟုတ်တော့ပါဘူး။

5V DC ပါတဲ့အတွက် Smart Phone သမားများအတွက်လည်း ခရီးရှည်ဆောင် Battery Power Bank အနေနဲ့ အသုံးပြုလို့ရပါတယ်။ Lithium battery အမျိုးစား ထောက်ပံ့ပေးထားပြီး နှစ်နာရီကနေ သုံးနာရီလောက် အားသွင်းထားရင် အားပြန်ပြည့်ပါတယ်။ Output voltage (optional): 5V/7.5V/9V/12V DC ဖြစ်ပြီး Output power က 15W ရရှိပါတယ်။

ဈေးနှုန်းကတော့ ၃၀၀,၀၀ ကျပ် ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ တို့မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««