Survey Training Course အမှတ်စဉ် ၉၃ ဖွင့်လှစ်မည်

Concordia International Co., Ltd ကနေ ဖွင့်လှစ်တဲ့ Survey Training Course အမှတ်စဉ် ၉၃ ကို ဇူလိုင် ၂၁ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေအနေနဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

သင်တန်းမှာ ခေတ်မီတိုင်းတာရေး စက်တွေဖြစ်တဲ့ ဂျပန်နိုင်ငံထုတ် Topcon အမှတ်တံဆိပ် GNSS(DGPS) and Total Station တွေနဲ့ လက်တွေ့တိုင်းတာခြင်အပြင် Engineering Survey, Topograpical Survey, Topcon Link and Magnetic Office Software တွေဖြင့် Downloading နဲ့ Processing ပြုလုပ်ခြင်းတွေကို စာတွေ့ လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူတွေ၊ ဘွဲ့ရပြီးသူတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ Engineers တွေ၊ မြေတိုင်းတာခြင်း ပညာရပ်တွေကို စိတ်ပါဝင်စားသူတွေ တက်ရောက် နိုင်မယ်လို့သိရပါတယ်။

သင်ကြားပေးမယ့် ဘာသာရပ်တွေက Basic GPS, Basic Surveying, Theodolite Surveying, Angle Measurement by Total Station, Distance Measurement by Total Station, Rem Measurement by Total Station, MLM Measurement by Total Station, Traversing and Adjustment, Topographic Survey, Layout / Setting out Survey, Static Survey, RTK Survey, Contouring ,Volume Calcultion(Earthwork), Google earth and downloader, Global mapper Software, Topcon Link Software, Basic Civil CAD & Magnet Office Software တို့ ပါဝင်မှာဖြစ်ပါတယ်။

သင်တန်းကြေး ၁၂၀,၀၀၀ ကျပ်ဖြစ်ပြီး အချိန် (၁)လခန့် ကြာမြင့်မယ်လို့ သိရပါတယ်။ သင်တန်းပြီးဆုံးက Certificate နဲ့ On job Training တွေကိုပါ ချိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ ၀၉ ၆၈၇၉ ၄၃၉ ၆၅၊ ၀၉ ၇၃၀၀၉ ၂၂၄ နဲ့ ၀၉ ၂၅၆၄၁၁၇၀၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ