Surface Laptop Go နဲ့ အဆင့်မြှင့်တင်ထားတဲ့ Surface Pro X ကို Microsoft မိတ်ဆက်

Microsoft ဟာ ကွန်ပျူတာအသစ် ၂ မျိုး မိတ်ဆက်လိုက်ပါတယ်။ Surface Laptop Go ကတော့ ဈေးသက်သာပြီး ဒုတိယမျိုးဆက် Surface Pro X ကတော့ တန်ဖိုးကြီးထုတ်ကုန် ဖြစ်ပါတယ်။

Surface Laptop Go ကတော့ ဈေးနှုန်းသက်သာပြီး မျက်နှာပြင် ၁၂.၄ လက်မ ဖြစ်ကာ 3:2 aspect ratio နဲ့ ရုပ်ထွက်အရည်အသွေး 1536x 1024 ဖြစ်ပါတယ်။ မျက်နှာပြင်က touchscreen ပဲဖြစ်ပါတယ်။

Surface Laptop Go မှာတော့ ဒဿမမြောက် Intel Core i5-1035G1 ပရိုဆက်ဆာဖြစ်ပြီး Intel UHD Graphics လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် LPDDRR4X 4GB ဒါမှမဟုတ် 8GB ရွေးချယ်နိုင်ပြီး 64GB eMMC ဒါမှမဟုတ် 128/256GB SSD storage လည်းရှိပါတယ်။

Surface Laptop Go မှာတော့ 720p f2.0 webcam, dual far-field မိုက်ကရိုဖုန်းနဲ့ Dolby Audio လုပ်ငန်းစဉ် ပါတဲ့ စပီကာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် USB-C နဲ့ USB-A port တစ်ခုစီ၊ Wi-Fi 802.11ax အပြင် Bluetooth 5.0, နားကြပ်ပေါက်နဲ့ Surface Connect port တစ်ခုလည်း ပါဝင်လာနိုင်ပါတယ်။

Surface Laptop Go အဖုံးအတွက် အလူမီနီယမ်နဲ့ ကိုယ်ထည်အထိုင်အတွက် သုံးစွဲသူ ၃၀ ရာခိုင်နှုန်းရဲ့ ထုတ်ကုန်တွေကို ပြန်လည်သန့်စင်ကာ glass fiber နဲ့ပိုလီကာဗွန်သစ်စေး ပါဝင်လာပါတယ်။ အပြာ၊ သဲကျောက်နဲ့ ပလက်တီနမ် ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။

Surface Laptop Go မှာတော့ Windows 10 Home S mode အသုံးပြုထားပါတယ်။ Surface Laptop Go ရဲ့ memory 4GB နဲ့ 64GB eMMC မော်ဒယ်ကတော့ ဒေါ်လာ ၅၅၀ ကျသင့်ပြီး memory နဲ့ 128GB SSD မော်ဒယ်က ဒေါ်လာ၇၀၀၊ memory 8GB နဲ့ 256GB SSD ကတော့ ဒေါ်လာ ၉၀၀ ကျသင့်ပါမယ်။

Surface Pro X ကတော့ အရင်နှစ်ကထွက်ခဲ့တဲ့ ထုတ်ကုန်ကို အဆင့်မြှင့်တင်လိုက်ပြီး ARM အခြေခံ Windows tablet ဖြစ်တယ်။ မျက်နှာပြင်အရွယ်အစားက ၁၃ လက်မ touchscreen နဲ့ 3:2 aspect ratio နဲ့ ရုပ်ထွက်အရည်အသွေး 2880x 1920 ဖြစ်ပါတယ်။ Surface Pro X မှာဒီဇိုင်းသစ် အသုံးပြုထားပြီး အပါးလွှာဆုံး Surface Pro ထုတ်ကုန်လို့ Microsoft ကပြောခဲ့ပါတယ်။ ဒါ့အပြင် kickstand လည်းပါဝင်လာပါတယ်။

Microsoft က Surface Pro X အတွက် သီးသန့် chipset နှစ်ခု ဖန်တီးထားတယ်။ အရင်နှစ်ကထွက်ရှိခဲတဲ့ SQ1 နဲ့ SQ2 ဟာ Qualcomm ကထုတ်လုပ်ထားတယ်။ Microsoft က Snapdragon 8cx အခြေခံပြီး SQ1 ကို ထုတ်လုပ်ထားပါတယ်။ SQ2 ကိုတော့ Snapdragon 8cx Gen 2 အခြေခံ ထုတ်လု်ပထားဖွယ်ရှိတယ်။ GPU အပိုင်းမှာတော့ SQ1 မှာ Adreno 685 နဲ့ SQ2 မှာ Adreno 690 ပါဝင်လာပါတယ်။ Surface Pro X ဘက်ထရီကို ၁၅ နာရီလောက် အသုံးပြုနိုင်ပါတယ်။

Surface Pro X မှာတော့ 8GB နဲ့ LPDDR4x memory 16GB ပါဝင်လာပါတယ်။ Storage ကတော့ 128, 256 နဲ့ 512GB အသုံးပြုနိုင်ပြီး ဖြုတ်တပ်နိုင်တဲ့ M.2 2230 SSD ကိုလည်း အသုံးပြုထားပါတယ်။

Surface Pro X မှာတော့ 1080p ဗီဒီယိုရိုက်နိုင်တဲ့ ရှေ့ကင်မရာ 5MP နဲ့ Windows Hello လုံခြုံရေးအတွက် သီးခြားကင်မရာ အသုံးပြုထားပါတယ်။ ကျောဘက်မှာတော့ 10MP ကင်မရာပါဝင်ပြီး 4K ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။
Surface Pro X အတွက် Surface Pro X keyboard လည်းထုတ်လုပ်ထားပြီး ၁၀၄ ဒေါ်လာ ကျသင့်ပါမယ်။ Surface Slim Pen ကလည်း ၁၄၅ ဒေါ်လာ ကျသင့်ပါမယ်။ Surface Pro X အတွက် Microsoft SQ2 မော်ဒယ် ၂ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ အဲဒီ မော်ဒယ်အတွက် 256GB ဗားရှင်းကတော့ ဒေါ်လာ ၁၅၀၀ နဲ့ 512GB ကတော့ ဒေါ်လာ ၁၈၀၀ ကျသင့်ပါမယ်။

-စိုးထက်
Ref: GSMArena