Surface Book 3 နဲ့ Surface Go 2 ဖြန့်ချိဖို့ Microsoft စီစဉ်

Microsoft က Surface Book 3 နဲ့ Surface Go 2 တို့ကို မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ Microsoft ဟာ Surface Book 3 မှာ Intel ရဲ့ နောက်ဆုံးပေါ် ဒဿမမြောက်မျိုးဆက် ပရိုဆက်ဆာကို အသုံးပြုပြီး RAM 32GB နဲ့ storage 1TB အထိပါဝင်လာနိုင်တယ်လို့ ပေါက်ကြားထွက်ပေါ်ထားပါတယ်။ ကောလာဟလသတင်းတွေအရ Microsoft က Surface Book 3 မော်ဒယ်တချို့မှာ Nvidia ရဲ့ Quadro graphics ချစ်ပ်ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Surface Book 3 ဟာ 3D ရေးဆွဲသူ၊ ဒီဇိုင်နာနဲ့ အင်ဂျင်နီယာတွေအတွက် အလွန်အသုံးဝင်လာနိုင်ပါတယ်။

Microsoft ဟာ နာမည်ကျော် tablet အသေးစား Surface Go 2 ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ Microsoft ရဲ့ Surface Go 2 မှာ Intel Core m3 မော်ဒယ်နဲ့အတူ Intel Pentium Gold ပရိုဆက်ဆာ မော်ဒယ်ကို ထုတ်လုပ်မယ်လို့ သတင်းထွက်လာပါတယ်။ Surface Go 2 မှာ မျက်နှာပြင် ၁၀.၅ လက်မ ရှိပြီး ဘေးဘောင်ကတော့ Surface Laptop 3 ထက်သေးငယ်ပါတယ်။

အရွယ်အစားက Surface Go နဲ့ တူညီပြီး Surface Go က ဆက်စပ်ပစ္စည်းတွေကို Surface Go 2 မှာ သုံးနိုင်ပါမယ်။ Intel Core m3 မော်ဒယ်မှာတော့ RAM 8GB, storage 128GB န့ LTE တို့ပါဝင်လာနိုင်ပါတယ်။

လာမယ့်လအတွင်း Surface အသစ်တွေကို မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge