
SuperTuxKart ဆိုတာကတော့ Ubuntu OS မှာ ထည့် သွင်းကစားနိုင်မယ့် racing game အမျိုးအစား တစ်ခုဖြစ်ပါ တယ်။ SuperTuxKart ကို Ubuntu OS မှာထည့်သွင်း သုံးစွဲချင်သူတွေအနေနဲ့ ဖော်ပြပါနည်း လမ်းအတိုင်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ SuperTuxKart ကို ထည့်သွင်းဖို့ အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေ ကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
SuperTuxKart ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:stk/dev
sudo apt update
sudo apt install supertuxkart
ဆိုတဲ့ command တွေဖြစ်ပါ တယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ အသုံးမ ပြုလိုတော့ဘူး ဆိုရင်
sudo add-apt-repository –remove ppa:stk/dev
sudo apt remove –autoremove supertuxkart supertuxkart-data
ဆိုတဲ့ command နဲ့ ပြန် လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
-သီဟ