
Universal Studios Japan ဟာ အိုဆာကာအပန်းဖြေပန်းခြံကိုတိုးချဲ့ပြီး မာရီယိုပုံစံ Super Nintendo World ဖွင့်လှစ်မှုကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပန်းခြံဖွင့်လှစ်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး ဖွင့်မယ့်ရက်အတိအကျကို ကြေညာသွားပါမယ်။
ဗီဒီယိုဂိမ်းပုံစံ ဖန်တီးထားတဲ့ ပန်းခြံကို ၂၀၂၀ နွေရာသီအိုလံပစ် မတိုင်မီ ဇူလိုင်လအတွင်း ဖွင့်ဖို့ ရည်မှန်းထားပါတယ်။ ကပ်ရောဂါဖြစ်ပွားလာတာကြောင့် အိုလံပစ်ပွဲတော်ကိုလည်း ၂၀၂၁ အထိနောက်ဆုတ်ထားပါတယ်။
-စိုးထက်
Ref: TheVerge