Super Mario Maker 2

[ Zawgyi ]

ကၽြန္ေတာ္တို႔ ငယ္ငယ္ကတည္းက ကစားလာခဲ့ၾကတဲ့ Super Marioရဲ႕ ေနာက္ဆံုးထြက္ Version ပါ။ ထူးျခားခ်က္ကို အလြယ္ဆံုး ေျပာပါဆိုရင္ေတာ့ အရင္ကကစားခဲ့တဲ့ Marioက ဂိမ္းထဲမွာ ဖန္တီးထားတဲ့အတုိင္း ဇာတ္လမ္းသြားကစားၿပီး အႏုိင္ရေအာင္ႀကိဳးစားဖို႔ပါပဲ။ အခု Maker 2 မွာေတာ့ ဂိမ္းရဲ႕ စခန္းသြားတေလွ်ာက္ ေရႊေတြ မိႈေတြကေန ေနာက္ဆံုး ေထာင္ေခ်ာက္နဲ႔ ရန္သူေတြကိုပါ မိမိစိတ္ႀကိဳက္ေနရာခ် ကစားလာႏုိင္မွာပဲ ျဖစ္ပါတယ္။ ဒီေတာ့ သင့္အေနနဲ႔ စိန္ေခၚမႈ ျပင္းျပင္ထန္ထန္ လိုခ်င္ပါသလား? သင္ကစားမယ့္ လမ္းေၾကာင္းတစ္ေလွ်ာက္ ေထာင္ေခ်ာက္ေတြ အမ်ားဆံုးခ်ၿပီး ရန္သူေတြ အမ်ားဆံုးထည့္ကစားပါ။ အရမ္းလြယ္ခ်င္ရင္ေတာ့ ေထာင္ေခ်ာက္ေတြ ျဖဳတ္၊ ရန္သူေတြမပါဘဲ စခန္း အဆံုးကို လြယ္လြယ္ေလး သြားလိုက္ပါေတာ့။

ဒါဆိုဂိမ္းက အႏုိင္ရဖို႔ လြယ္သြားတာေပါ့။ ဒါေပမဲ့ တစ္ဖက္က ျပန္ၾကည့္ရင္ မလြယ္ဘူးဗ်။ Online အေနနဲ႔ ကစားလာႏုိင္တ့ဲ အခုဂိမ္းက အႏုိင္ရမႈအမ်ားဆံုး ကစားသမားေတြရဲ႕ စာရင္းကုိ Online ကေန ၾကည့္ႏုိင္ေအာင္ ေဖာ္ျပေပးေနတယ္။ ဒီေတာ့ ကိုယ္တိုင္ဖန္တီးမႈေကာင္းေကာင္း မလုပ္ႏုိင္ေသးသူေတြက နာမည္ေက်ာ္ ကစားသမားေတြရဲ႕ ေျမပံုစခန္းသြားအတိုင္း ၀င္ကစားႏုိင္တယ္။ သင့္အေနနဲ႔ ရန္သူေရာ ေထာင္ေခ်ာက္ေတြပါ မ်ားမ်ားစားစားမပါဘဲ ႏိုင္ရင္ၿပီးေရာဆုိတဲ့ ပံုစံနဲ႔ ေျမပံုဖန္တီးၿပီး Top Player မွာ ဗုိလ္စြဲေနရင္ေတာ့ သင့္ကို လူရယ္စရာ ျဖစ္ေနပါလိမ့္မယ္။

ဒီေတာ့ ေျမပံုေကာင္းေကာင္း ဖန္တီး၊ စိန္ေခၚမႈ အားေကာင္းေအာင္လုပ္၊ သင္ကိုယ္တိုင္လည္း အႏုိင္ရေအာင္ ကစား၊ တျခားနမူနာၾကည့္ၿပီး ကစားသူေတြကိုလည္း သင့္ရဲ႕ ဖန္တီးမႈကတကယ္ ကစားလို႔ေကာင္းတယ္ဆိုတဲ့ အေနအထားျဖစ္ေအာင္ ဖန္တီးရေတာ့မွာပါ။ ဒါေၾကာင့္ အခု Mario Maker က သင့္ကို ဂိမ္းကစားသမား တစ္ေယာက္အေနနဲ႔တင္ မဟုတ္ေတာ့ဘဲ ဂိမ္းဖန္တီးသူတစ္ေယာက္အေနနဲ႔ပါ ရသႏွစ္ခု ေပးႏုိင္လာလုိ႔ သေဘာက်စရာ ျဖစ္လာပါတယ္။

Single အေနနဲ႔လည္း ကစားႏုိင္မယ္၊ Multi အေနနဲ႔လည္း ၄ ေယာက္ထိေအာင္ အမ်ားဆံုး ပါ၀င္ကစားႏုိင္မယ္။ တစ္ေယာက္ သမားေတြကေတာ့ စိန္ေခၚမႈ အားေကာင္းတဲ့ ေျမပံုေတြ ၀င္ကစားဖုိ႔ လြယ္ေပမယ့္ Multi သမားေတြကေတာ့ အဖြဲ႕လိုက္ ဟန္ခ်က္ညီဖို႔ လိုအပ္တာေၾကာင့္ ေရွ႕ပိုင္းမွာ အခ်င္းခ်င္း အလုိက္သင့္ ဟန္ခ်က္ညီ ကစားႏိုင္ေအာင္ အရင္ႀကိဳးစားရမွာပါ။ ဂိမ္းထဲမွာ ေန႔ ၊ ည ေျပာင္းလဲမႈနဲ႔ အတူ ေျမေပၚ၊ ေျမေအာက္၊ ေရေအာက္စတဲ့ ေနရာမ်ိဳးစံုကို သြားလာကစားရမႈေတြ၊ ကားလို အျမန္ယာဥ္ စီးနင္းသြားလာႏုိင္မႈေတြလည္း ပါရွိလာပါတယ္။

အခု ဂိမ္းမွာ Mode ေရြးခ်ယ္ကစားႏိုင္မႈ အားေကာင္းလာၿပီး အရင္လိုပဲ ဂိမ္းထဲမွာ ဖန္တီးထားတဲ့အတုိင္း ဇာတ္လမ္းသြား ကစားႏုိင္မယ္၊ ဒီလိုမွမဟုတ္ရင္ မိမိစိတ္ႀကိဳက္ ဖန္တီးေနရာခ် ကစားႏုိင္မယ္၊ အဲဒီလိုမွ မဟုတ္ရင္ေတာ့ Online ကေန တျခားသူေတြ ဖန္တီးထားတဲ့ ဇာတ္လမ္းသြားေတြကို ၀င္ကစားႏုိင္မယ္၊ သေဘာက်စရာ ေကာင္းလာပါတယ္။ အခုထိေအာင္ Mario က ကၽြန္ေတာ္တုိ႔ စိတ္ထဲမွာ ႐ိုးမသြားေသးတဲ့ စိန္ေခၚမႈ ရသေကာင္းေတြ ေပးႏုိင္ေနဆဲပါ။ အခုလို ဖန္တီးႏုိင္မႈပံုစံပါ ပါလာေတာ့ မ႐ိုးရေတာ့ဘူးေပါ့။ အရင္လို ေျမပံုတစ္ခုတည္း ကစားရတာထက္ ေျမပံုေပါင္းမ်ားစြာ ကစားလာႏိုင္တဲ့ Mario ကမ႓ာသစ္ကေန ႀကိဳဆိုလိုက္ပါရေစ။

[ Unicode ]

ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကစားလာခဲ့ကြတဲ့ Super Marioရဲ့ နောက်ဆုံးထွက် Version ပါ။ ထူးခြားချက်ကို အလွယ်ဆုံး ပြောပါဆိုရင်တော့ အရင်ကကစားခဲ့တဲ့ Marioက ဂိမ်းထဲမှာ ဖန်တီးထားတဲ့အတိုင်း ဇာတ်လမ်းသွားကစားပြီး အနိုင်ရအောင်ကြိုးစားဖို့ပါပဲ။ အခု Maker 2 မှာတော့ ဂိမ်းရဲ့ စခန်းသွားတလျှောက် ရွှေတွေ မှိုတွေကနေ နောက်ဆုံး ထောင်ချောက်နဲ့ ရန်သူတွေကိုပါ မိမိစိတ်ကြိုက်နေရာချ ကစားလာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီတော့ သင့်အနေနဲ့ စိန်ခေါ်မှု ပြင်းပြင်ထန်ထန် လိုချင်ပါသလား? သင်ကစားမယ့် လမ်းကြောင်းတစ်လျှောက် ထောင်ချောက်တွေ အများဆုံးချပြီး ရန်သူတွေ အများဆုံးထည့်ကစားပါ။ အရမ်းလွယ်ချင်ရင်တော့ ထောင်ချောက်တွေ ဖြုတ်၊ ရန်သူတွေမပါဘဲ စခန်း အဆုံးကို လွယ်လွယ်လေး သွားလိုက်ပါတော့။

ဒါဆိုဂိမ်းက အနိုင်ရဖို့ လွယ်သွားတာပေါ့။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင် မလွယ်ဘူးဗျ။ Online အနေနဲ့ ကစားလာနိုင်တဲ့ အခုဂိမ်းက အနိုင်ရမှုအများဆုံး ကစားသမားတွေရဲ့ စာရင်းကို Online ကနေ ကြည့်နိုင်အောင် ဖော်ပြပေးနေတယ်။ ဒီတော့ ကိုယ်တိုင်ဖန်တီးမှုကောင်းကောင်း မလုပ်နိုင်သေးသူတွေက နာမည်ကျော် ကစားသမားတွေရဲ့ မြေပုံစခန်းသွားအတိုင်း ၀င်ကစားနိုင်တယ်။ သင့်အနေနဲ့ ရန်သူရော ထောင်ချောက်တွေပါ များများစားစားမပါဘဲ နိုင်ရင်ပြီးရောဆိုတဲ့ ပုံစံနဲ့ မြေပုံဖန်တီးပြီး Top Player မှာ ဗိုလ်စွဲနေရင်တော့ သင့်ကို လူရယ်စရာ ဖြစ်နေပါလိမ့်မယ်။

ဒီတော့ မြေပုံကောင်းကောင်း ဖန်တီး၊ စိန်ခေါ်မှု အားကောင်းအောင်လုပ်၊ သင်ကိုယ်တိုင်လည်း အနိုင်ရအောင် ကစား၊ တခြားနမူနာကြည့်ပြီး ကစားသူတွေကိုလည်း သင့်ရဲ့ ဖန်တီးမှုကတကယ် ကစားလို့ကောင်းတယ်ဆိုတဲ့ အနေအထားဖြစ်အောင် ဖန်တီးရတော့မှာပါ။ ဒါကြောင့် အခု Mario Maker က သင့်ကို ဂိမ်းကစားသမား တစ်ယောက်အနေနဲ့တင် မဟုတ်တော့ဘဲ ဂိမ်းဖန်တီးသူတစ်ယောက်အနေနဲ့ပါ ရသနှစ်ခု ပေးနိုင်လာလို့ သဘောကျစရာ ဖြစ်လာပါတယ်။

Single အနေနဲ့လည်း ကစားနိုင်မယ်၊ Multi အနေနဲ့လည်း ၄ ယောက်ထိအောင် အများဆုံး ပါ၀င်ကစားနိုင်မယ်။ တစ်ယောက် သမားတွေကတော့ စိန်ခေါ်မှု အားကောင်းတဲ့ မြေပုံတွေ ၀င်ကစားဖို့ လွယ်ပေမယ့် Multi သမားတွေကတော့ အဖွဲ့လိုက် ဟန်ချက်ညီဖို့ လိုအပ်တာကြောင့် ရှေ့ပိုင်းမှာ အချင်းချင်း အလိုက်သင့် ဟန်ချက်ညီ ကစားနိုင်အောင် အရင်ကြိုးစားရမှာပါ။ ဂိမ်းထဲမှာ နေ့ ၊ ည ပြောင်းလဲမှုနဲ့ အတူ မြေပေါ်၊ မြေအောက်၊ ရေအောက်စတဲ့ နေရာမျိုးစုံကို သွားလာကစားရမှုတွေ၊ ကားလို အမြန်ယာဉ် စီးနင်းသွားလာနိုင်မှုတွေလည်း ပါရှိလာပါတယ်။

အခု ဂိမ်းမှာ Mode ရွေးချယ်ကစားနိုင်မှု အားကောင်းလာပြီး အရင်လိုပဲ ဂိမ်းထဲမှာ ဖန်တီးထားတဲ့အတိုင်း ဇာတ်လမ်းသွား ကစားနိုင်မယ်၊ ဒီလိုမှမဟုတ်ရင် မိမိစိတ်ကြိုက် ဖန်တီးနေရာချ ကစားနိုင်မယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ Online ကနေ တခြားသူတွေ ဖန်တီးထားတဲ့ ဇာတ်လမ်းသွားတွေကို ၀င်ကစားနိုင်မယ်၊ သဘောကျစရာ ကောင်းလာပါတယ်။ အခုထိအောင် Mario က ကျွန်တော်တို့ စိတ်ထဲမှာ ရိုးမသွားသေးတဲ့ စိန်ခေါ်မှု ရသကောင်းတွေ ပေးနိုင်နေဆဲပါ။ အခုလို ဖန်တီးနိုင်မှုပုံစံပါ ပါလာတော့ မရိုးရတော့ဘူးပေါ့။ အရင်လို မြေပုံတစ်ခုတည်း ကစားရတာထက် မြေပုံပေါင်းများစွာ ကစားလာနိုင်တဲ့ Mario ကမ႓ာသစ်ကနေ ကြိုဆိုလိုက်ပါရစေ။