Super Double Data Pack အစီအစဉ်ကို MPT မိတ်ဆက်

အင်တာနက်ဒေတာပက်ကေ့ချ်များ ဝယ်ယူခြင်းဖြင့် ဒေတာနှစ်ဆ ရရှိနိုင်မယ့် စူပါဒေတာနှစ်ဆ ပက်ကေ့ချ် ပရိုမိုးရှင်းအစီအစဉ်ကို MPT ကမိတ်ဆက်လိုက်ပါတယ်။

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံးနဲ့ အသုံးပြုပြီးမှပေးချေတဲ့ စနစ်သုံး GSM/WCDMA ဝန်ဆောင်မှု ရယူထားသူမျာအားလုံး Super Double Data Pack ပက်ကေ့ချ်တွေကို ဝယ်ယူနိုင်သလို Base Tariff အသုံးပြုသူတွေဟာလည်း ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်တွေကို ပြောင်းလဲ အသုံးပြုပြီး Super Double Data Pack ကို ဝယ်ယူနိုင်မယ်လို့သိရပါတယ်။

အသုံးပြုသူတွေအနေနဲ့ ပက်ကေ့ချ်များဝယ်ယူရာတွင် အကန့်အသတ်မရှိ အကြိမ်အရေအတွက် အများအပြား ဝယ်ယူနိုင်ပြီး ပက်ကေ့ချ်ရဲ့ မူလဒေတာ သက်တမ်းမှာ ရက် ၃၀ ဖြစ်ကာ သက်တမ်း ကုန်ဆုံးပြီး ၇ ရက်အတွင်း ဒေတာပက်ကေ့ချ် အသစ် ထပ်မံဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော မူလဒေတာ ပမာဏကို ထပ်မံဝယ်ယူသော ပက်ကေ့ချ်ရဲ့ နောက်ဆုံးသက်တမ်းအထိ ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Super Bonus Data (အထူးအပိုဆောင်းဒေတာ)ရဲ့ သက်တမ်းမှာ ၇ ရက်ဖြစ်ပြီး ထိုကာလအတွင်း Package အသစ်ထပ်မံ ဝယ်ယူပါက Super Bonus Data အချင်းချင်းရဲ့ ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-သန္တာ