Sunrise နဲ့ Huawei တို့ပူးပေါင်းပြီး ကွန်ရက်တိုးချဲ့လုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်

နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Sunrise နဲ့ Huawei တို့ပူးပေါင်းပြီး နည်းပညာကွန်ရက် တိုးချဲ့တဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဘာစီလိုနာမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အချက်အချာနေရာဒေသတွေမှာ နည်းပညာကွန်ရက်တိုးချဲ့ခြင်းနဲ့ အခြေခံအဆောက်အဦတည်ဆောက်ခြင်းတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ အဓိကထားတာက နည်းပညာနဲ့ အခြေခံအဆောက်အဦတိုးချဲ့ရေးပါ၊ ဒါကို ပူးပေါင်းဆောင်ရွက်သွားမယ်၊ အရင်တုန်းကလည်းဆောင်ရွက်ခဲ့တယ်၊ လက်ရှိလည်းတိုးချဲ့သွားမယ်” လို့ Sunrise ရဲ့ Chief Technology Officer ဖြစ်သူ Elmar Grasser ကပြောကြားခဲ့ပါတယ်။ 5G နည်းပညာကို တက်လှမ်းနေတဲ့အချိန်မှာ အဲဒီထက်မြင့်တဲ့နည်းပညာပိုင်းဆိုင်ရာ အခြေခံအဆောက်အဦတွေကို တိုးချဲ့တည်ဆောက်မယ်လို့ဆိုပါတယ်။