SUNNY eSTORE နှင့် Unilever တို့ ပူးပေါင်း

eCommerce ပလက်ဖောင်းဖြစ်တဲ့ SUNNY eSTORE နဲ့ Unilever တို့ ပူးပေါင်းလိုက်တယ်လို့သိရပါတယ်။

www.sunny.com.mm နဲ့ Google Play Store သို့မဟုတ် Apple App Store တို့မှာရှိတဲ့ မိုဘိုင်းအက်ပလီကေးရှင်း မှတစ်ဆင့် ၂၄ နာရီ၊ ၇ ရက်လုံး အဆင်ပြေစွာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ငွေသားမဲ့ ငွေပေးချေမှုကို KBZPay အသုံးပြု လုပ်ဆောင်နိုင်ပြီး ငွေကျပ် ၂၀,၀၀၀ ဖိုးနဲ့အထက် ဝယ်ယူမှုများအတွက် ပြည်တွင်းရှိ မည်သည့်နေရာဒေသမဆို အခမဲ့ ပို့ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် SUNNY eSTORE မှာ Unilever ရဲ့ နာမည်ကြီး ကုန်အမှတ်တံဆိပ်ပစ္စည်းတွေကို စက်တင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ၅၀ ရာခိုင်နှုန်းအထိ ရရှိနိုင်တဲ့ အထူးလျှော့စျေးတွေနဲ့ ရောင်းချမယ်လို့ သိရပါတယ်။