Study.Work.Live in Canada ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

Study.Work.Live in Canada ပညာရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၇ ရက် နံနက် ၉း၃၀ တွင် Zoom နဲ့ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Bridge Blue Myanmar မှ Educational Consultant မမြတ်သီရိချို နဲ့ Global University Systems မှ Business Development Executive Piripa Wijakaphan တို့မှ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်ကိုင်နိုင်ပြီး အခြေချနေထိုင်ဖို့ အခွင့်အလမ်းတွေပေးတဲ့ ကနေဒါနိုင်ငံမှာ ကျောင်းတက်ချင်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ကျင်းပတာဖြစ်ပြီး Virtual Info-Session မှာပါဝင်ပေးမယ့် BridgeBlue Myanmar ရဲ့ Partner ကျောင်းများမှ ပေးအပ်နေတဲ့ ပညာသင်ဆု အများဆုံး (၅၀) ရာခိုင်နှုန်းလောက်ထိ လျှောက်ထားနိုင်မယ့် အခွင့်အရေးကိုလည်း ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနနဲ့ https://forms.gle/jkNwJJU6jMjejfJJ6 မှာစာရင်ပေးသွင်း တက်ရောက်နိုင်ပါတယ်။ အသေးစိတ်ကို BridgeBlue Myanmar ဖုန်း – ၀၉၄၅၂၇၇၇၅၀၈ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««