
ဗြိတိသျှကောင်စီမှ စီစဉ်တဲ့ Study UK: a Guide for Education Agents သင်တန်းကို မတ်လ ၂ ရက်မှ စတင်ကာ အွန်လိုင်းမှ အခမဲ့တက်ရောက်နိုင်မယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းကို တက်ရောက်ခြင်းအားဖြင့် နိုင်ငံတကာ ပညာရေးအေးဂျင့်များ၊ ပညာရေးအကြံပေးများနဲ့ အတိုင်ပင်ခံများအနေဖြင့် ယူကေပညာရေးနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ ဗဟုသုတတွေကို ရရှိနိုင်မှာဖြစ်သလို Professional education agent တစ်ဦးဖြစ်စေမယ့် အကြံပေးချက်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယူကေသို့ သွားရောက်ပညာသင်ကြားရန် ပြင်ဆင်နေသူတွေနဲ့ ယူကေပညာရေးဆိုင်ရာ ပညာရေးဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အလုပ်လုပ်ကိုင်နေသူများအတွက် သင့်တော်တဲ့သင်တန်းတစ်ခု ဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ်ကို ဗြိတိသျှကောင်စီ ဖုန်း – ၀၁-၂၅၀၀၉၉ နဲ့ ၂၅၆၁၉၁ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
-သန္တာ