
သြစတြေးလျ၊ ယူအက်စ်အေနဲ့ ကနေဒါနိုင်ငံများမှ ကျောင်းများပါဝင်မယ့် Study Abroad Virtual Expo 2021 ကို ဖေဖော်ဝါရီ ၇ ရက်၊ နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ BridgeBlue Myanmar ကနေ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
သြစတြေးလျ၊ ယူအက်စ်အေ နဲ့ ကနေဒါရှိ ကျောင်းတွေကို အသေးစိတ်လေ့လာနိုင်မှာ ဖြစ်ပြီး ကျောင်းတာဝန်ခံတွေနဲ့ တိုက်ရိုက်တွေ့ဆုံကာ မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သြစတြေးလျ၊ ယူအက်စ်အေနဲ့ ကနေဒါကျောင်းများမှ ချီးမြှင့်မယ့် ပညာသင်ဆုများအကြောင်းကိုလည်း သိခွင့်ရမှာဖြစ်ပါတယ်။ BridgeBlue Myanmar မှ ပညာရေးအကြံပေးတွေနဲ့လည်း တစ်ဦးချင်း သီးသန့်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
ပွဲတက်ရောက်လိုသူတွေ အနေနဲ့ https://amsbb-myanmar.3xpo.com/register/ မှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပြီး အသေးစိတ်ကို BridgeBlue Myanmar ဖုန်း – ၀၉ ၄၅၂၇၇၇၅၀၇ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««