
[ Zawgyi ]






-သန္တာ

==========

[ Unicode ]

STUDY ABROAD Education Road Show ရန်ကုန်နှင့် မန္တလေးတွင်ကျင်းပမည်

==========

STUDY ABROAD Education Road Show 2018 ပညာရေးပြပွဲကို မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ Hilton Mandalay Hotel (Ballroom) မှာလည်းကောင်း၊ ဇွန်လ ၁၀ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီ အထိ Novotel Hotel (Eureka Room) မှာလည်းကောင်း ကျင်းပသွားမှာပါ။

ပွဲမှာ UK ၊ USA ၊ Australia နှင့် Singapore နိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များမှ ကျောင်းတာဝန်ခံများကိုယ်တိုင် ပညာရေးလမ်းညွှန်ချက်တွေကို အခမဲ့ တိုင်ပင်ဆွေးနွေးပေးသွားမယ့်အပြင် ပွဲကို လာရောက်တဲ့ ထူးချွန်ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့လည်း ၁၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုတွေ လျှောက်ထားနိုင်ပါတယ်။

နိုင်ငံတကာ ပညာရေးလမ်းကြောင်းများနဲ့ ဘာသာရပ်ကင်းလွတ်ခွင့် အခွင့်အလမ်းတွေကို ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ရှင်းလင်းပြောကြားပေးမှာဖြစ်ပြီး Engineering ဘွဲ့ရရှိပြီးသူများအတွက် ဘာသာရပ်ကင်းလွတ်ခွင့်များ၊ Tuition Grant များရယူပြီး နိုင်ငံတကာတက္ကသိုလ်များမှာ ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများနဲ့ ပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ကျောင်းတာဝန်ခံများနဲ့ အတိုင်ပင်ခံများက ရှင်းလင်းပေးသွားမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းထားသူတွေ အနေနဲ့ စင်ကာပူကျောင်း အပ်နှံပါက လေယာဉ်လက်မှတ်ပေးမယ့် အထူးအစီအစဉ်ရှိပြီး လာရောက်လေ့လာလိုသူတွေ အနေနဲ့ ဖုန်း – ၀၉ ၅၁၅၁ ၀၀၈ နဲ့ ၀၉ ၄၂၀ ၀၉၉၉၉၇ ကို ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ