သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံသို့ တက်ရောက်လိုသူများအတွက် Student Excellence ပညာသင်ဆုလျှောက်ထားနိုင်

၂၀၂၁ ခုနှစ်မှာ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံကို သွားရောက်ပညာသင်ကြားလိုသူတွေ အတွက် Student Excellence ပညာသင်ဆုကို လျှောက်ထားတက်ရောက်နိုင်မယ်လို့ သိရပါတယ်။

ပညာသင်ဆုမှာ (၇,၅၀၀-၂၅,၀၀၀) AUD$, (၅,၀၀၀-၇,၅၀၀) NZD$ နဲ့ ညီမျှတဲ့ Student Excellence ပညာသင်ဆုကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ University of Western Australia (Perth), Flinders University (Adelaide), The University of Sydney (Sydney), The University of Auckland (Auckland), The University of Waikato (Hamilton) တွေမှာ မြန်မာဆယ်တန်းအောင် ကျောင်းသူ/သားတွေ၊ GCE ‘O’ Level ၊ IGCSE အောင်မြင်ထားသူတွေ အနေနဲ့ Engineering-IT-Business အပြင် Health Science (Foundation) ပရိုဂရမ်တွေကို လျှောက်ထားနိုင်မှာ ဖြစ်ပြီး Grade 12 ပညာရေးပြီးထားသူတွေ အနေနဲ့ Diploma ပရိုဂရမ်တွေကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)၊Passport မူရင်း၊ မိမိလျှောက်ထားလိုတဲ့ University Application Form ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ Personal Statement တွေနဲ့ အောက်တိုဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၁ဝ ရက် နောက်ဆုံးထားပြီး CROWN Education Yangon, Mandalay Facebook Page နဲ့ CROWN Education Instagram တို့မှ တစ်ဆင့် အမြန်ဆုံး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ကို CROWN Education ဖုန်း – ၀၉၉၆၀၈၀၈၉၁၂ နဲ့ ၀၉၉၇၇၉၇၇၂၀၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««