Strategy First University Business Plan Competition 2020 ကျင်းပမည်

Strategy First University ၏ ကျောင်းသား၊ ကျောင်းသူများ အားလုံးပါဝင်ယှဉ်ပြိုင်နိုင်သော Strategy First University Business Plan Competition 2020 ကို နိုဝင်ဘာလ ၁၀ ရက်မှ ၂၉ ရက် အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကျောင်းသား ကျောင်းသူများအားလုံး အနေနဲ့ Strategy First University Extension မှာဖွင့်လှစ်ထားတဲ့ SFUx Certificate in Entrepreneurship and New Venture Creation တစ်တန်း အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို မြန်မာနိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြု နိုင်သော စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများ ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု ကျွမ်းကျင်သူများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။

ပြိုင်ပွဲသို့ Strategy First University ၏ Undergraduate၊ Postgraduate နဲ့ Professional Development, Strategy First University Extension အစရှိသည့် Programme များမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ တစ်ယောက်ပါဝင်သည့် အဖွဲ့အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် အဖွဲ့များအနေနဲ့ တစ်ဖွဲ့လျှင် အနည်းဆုံးပြိုင်ပွဲဝင် (၁) ဦးမှ အများဆုံး (၃) ဦး အထိပါဝင်ကာ ယှဉ်ပြိုင်နိုင်ပါတယ်။ လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေများနှင့် ကိုက်ညီသော စီးပွားရေးလုပ်ငန်းသစ် (Start-up Business) တစ်ခု (သို့) လက်ရှိလုပ်ငန်းအတွက် New Product အသစ်အတွက် အဆိုပြုရန်နဲ့ ယင်းကို အကောင်အထည်ဖော် လုပ်ဆောင်မယ့် ၃ နှစ် စီမံကိန်းကို ရေးဆွဲရမှာ ဖြစ်ပါတယ်။

ပါဝင်ယှဥ်ပြိုင်လိုသူတွေ အနေနဲ့ http://bit.ly/SFU_BPlanCompetition_2020 မှာ Register ပြုလုပ်ရမှာဖြစ်ပြီး ရွေးချယ်ခံရသူများမှ မိမိ၏ Business Plan အတွက် (၁၀-၁၅ မိနစ်စာ) Presentation Video နှင့် Plan ကို တင်ရမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၉၄၄၄၅၅၅၆၁၂ နဲ့ marketing@strategyfirst.edu.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««